လူဦးရေ (၁၁၁၁) အတွက် အစားအသောက်များ ပြင်ဆင်ကာ နေ ရာစုံကို သွားရောက် လိုက်လံ လှူဒါန်းပေးခဲ့ ပြန်တဲ့ ဟာသ အနုပညာရှင် ဒိန်းဒေါင်

လူဦးရေ (၁၁၁၁) အတွက် အစားအသောက်များ ပြင်ဆင်ကာ နေ ရာစုံကို သွားရောက် လိုက်လံ လှူဒါန်းပေးခဲ့ပြန်တဲ့ ဒိန်းဒေါင်

ချစ်ပရိသတ်ကြီးရေ အနုပညာ လောကမှာ ရယ်စရာ ဟာသ ပြက် လုံးတွေနဲ့ ပရိသတ် တွေကို အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ပြည်သူချစ် အနုပညာရှင် တွေ ထဲမှာ သရုပ်ဆောင် ဒိန်းဒေါင်လည်း အပါ အဝင်ပါပဲနော် ။

ရုပ်ရှင် ဇာတ်ကားကြီးတွေ မှာပါ ပါဝင် သရုပ်ဆောင် နေရပြီ ဖြစ်တဲ့ ဟာသ အနုပညာရှင် တစ်ဦးဖြစ်ပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အချစ်ကို ရရှိ ထားသူပါ ။

အလှူအတန်းလည်း အရမ်း ရက်ရောသူ ဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင် ကတော့ သူရဲ့ အနုပညာကြေးလေးတွေ နဲ့လည်း မကြာ ခဏ အလှူအတန်း ပြုလုပ်ကာ ကုသိုလ်ယူ တတ်သူ တစ်ယောက်ဖြစ်ပါတယ် ။

အဲ့လို စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အတု ယူစရာ ကောင်းရလောက်အောင် အရမ်း ကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင် ပညာ မှာလည်းထူးချွန်သူ တစ်ယောက် ပါပဲနော် ။ အခု ရက် ပိုင်း တွေမှာ လည်း တတ်နိုင်သလောက် နေရာစုံမှာ အလှူအတန်းတွေ မျိုးစုံလိုက်လုပ်ပေးနေတာလည်း တွေ့မြင်ရပါတယ်။

လတ်တလော မှာလည်း လူဦးရေ (၁၁၁၁) အတွက် ထမင်းဟင်းများချက်ကာ နေရာစုံကို သွားရောက်ကာ လိုက်လံ ဝေမျှ လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်လေး တွေကို ဖော်ပြ ထားရာ ပုံလေးတွေ ကြည့် ပြီး ကြည်နူးပီတိဖြစ်မိတာအမှန်ပါပဲ ။ ပရိသတ်ကြီးလည်း ဒိန်းဒေါင်ရဲ့ အလှူလေးကို သာဓု ခေါ်နိုင် စေရန် မျှဝေ ပေးလိုက် ပါရစေ နော် ။ Source : Dain Daung Facebook Account