မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ အခြေခံဥပဒေ ရေးဆွဲထားတဲ့ နိုင်ငံ

မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ အခြေခံဥပဒေ ရေးဆွဲထားတဲ့ နိုင်ငံ

မြတ်စွာဘုရားရဲ့ တရားတော် တွေနဲ့ အခြေခံ ဥပ ဒေ ရေးဆွဲထားတဲ့ နိုင်ငံလေး ကြောင်း ပြောပြ ပါမယ်နော်။ တောင်ပေါ် နိုင်ငံငယ်လေး တစ်ခုဖြစ်ပြေိး လူဦးရေ ၆ သိန်း ကျော်သာ ရှိပြီး ဆေးလိပ် သောက်တဲ့ သူဟာလဲ ၁% ပဲ ရှိပါတယ်နော်။ဘာဖက်ရှင် ညာဖက် ရှင်လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာ အမျိုးသား အမျိုးသမီး ဝတ် စုံက လွဲရင် တစ်ခြားသော ဖက်ရှင်ဆို ဘာမှကို မဝတ်ကြလို့ ပဲဖြစ်ပါ တယ်တဲ့။

၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။စစ်သည်တော်ဟာ ၁၆၀၀၀ ပဲ ရှိပါတယ်။ ဆင်းရဲတဲ့ နိုင်ငံငယ်လေး တစ်ခု ဖြစ်ပြီးတော့ မြို့တော်ဟာဆို မြန်မာနိုင်ငံက ပဲခူးမြို့လောက်တောင် မစည် ပါဘူးတဲ့။

အထပ်မြင့် အဆောက် အ အုံတွေ မရှိပေမယ့်လည်း စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲမရှိပါဘူးနော်။ ပြည့်တန်ဆာ ဆိုတာဟာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူးတဲ့။အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီးတော့ ၁၀ နှစ် အတွင်း တစ်နိုင်ငံလုံးမှာ အမှု တစ်မှုပဲ ရှိခဲ့တာပါ။အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ ပါတဲ့။

ဆင်းရဲပေမယ့်လည်း လူဦးရေ ရဲ့ ၉၇% ဟာ စာတတ်ကြ ပါတယ်နော်။ နိုင်ငံခြားကို ထွက်ပြီးတော့ပညာတော် သင်သူတွေရဲ့ ၉၉ % ဟာ နေရပ် ကို ပြန်လာကြတာပါ။နိုင်ငံသားတွေ ဟာ ပျော်ရွှင်မှု ရှိကြပြီးတော့ ချမ်းသာခြင်းကို ရုပ်ဝတ္တု တွေနဲ့ မတိုင်း တာပဲ စိတ်ချမ်းသာမှု နဲ့ သာ တိုင်းတာ ကြ ပါတယ်နော်။

စည်းမျည်းခံ ဘုရင်စနစ် ဖြစ်ပြီး တော့ ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်နော်။ပုံပြင် ဆန်ဆန် အချစ် ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့ တစ်နေ့ ၁၇ နှစ် အရွယ် အိမ်ရှေ့ မင်းသား တိုင်းခန်း လှည့်လည်တဲ့ အခါမှာ ၇ နှစ် သမီး အရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ် သွားဖို့ ပြောပါ တယ်တဲ့။

အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ် ထောင် မရှိတဲ့ အခါ ငါလဲ အိမ်ထောင်ကို မပြုရ သေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့တာပါ။နောင်တစ်ချိန် မှာ မင်းသားက ၃၁ နှစ် မိဖုရားက ၂၁ နှစ် အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်နော်။မင်းသားဟာ ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီးတော့ အောက်စဖို့ တက္ကသိုလ်က ဘွဲ့ရခဲ့ ပါတယ် ။

အဲ ဒီနိုင်ငံ က ဗုဒ္ဓဘုရားရှင် ဟောကြား တဲ့ တရားတော်တွေ ထဲမှာလဲပါလေ့ရှိတဲ့ တောင်တန်းကြီးပေါ် မှာ ရှိပါတယ်နော်။အဲ့ဒီ တောင်ပေါ် နိုင်ငံလေးရဲ့နာမည်ကတော့ ဘူတန်ဖြစ်ပါတယ်နော်။credit