သားဖြစ်သူ မွေးထားတဲ့ သိန်းကျော်တန် ငါးကို ကြော်စား ပစ်တဲ့ ဖခင်

သားဖြစ်သူ မွေးထားတဲ့ သိန်းကျော်တန် ငါးကို ကြော်စား ပစ်တဲ့ ဖခင်

ကိုယ် တန်ဖိုးထားပြီး အချိန် အတော်ကြာ မွေးထားရတဲ့ ငါးကို မိ သားစုဝင် တစ်ယောက်က ကြော်စား ပစ်လိုက်တယ် ဆိုတဲ့ ခံစားချက်ကို ငါးမွေး သူတွေပဲ နားလည် တတ်မှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်တဲ့ Bayu အမည်ရှိတဲ့အမျိုး သားဟာ သူ့ရဲ့အဖြစ်အပျက်ကို ပြန်လည်ဝေမျှခဲ့ပါတယ်။

အ ဖြစ် အ ပျက် က တော့ Bayu ဟာ အသက် ၄ နှစ် အရွယ် Arowana အမျိုးအစားငါးကို 800,000 ရူပီးယား (မြန်မာငွေ ၈ သောင်းကျော် ) တန်ဖိုး ရှိတဲ့ ငါးတစ်ကောင်ကို ဝယ် ယူပြီးနောက် သူနဲ့အတူ ၂ နှစ်ခန့် မွေးထားခဲ့ ပါတယ် ။ သို့ပေမဲ့လည်း တစ်ရက် မှာတော့ Bayu ဟာ သူ၏ ငါးကန်ဟာ အတော်လေးသေးနေလို့ဆိုပြီး ငါးကိုသူ၏ မိဘအိမ်ဆီသို့ယူဆောင်ပြီး ငါးကန်အကျယ်လေးမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ် ။Bayu ရဲ့ဖခင်ဖြစ်သူမှာတော့ ငါးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး ။

Arowana ငါးဟာ ပုံမှန်ဆိုရင် ပုရစ်ကောင် နှင့် ကင်းခြေများ တို့ကို စားလေ့ရှိပေမဲ့လည်း Bayu ရဲ့ဖခင်ဟာ ငါးကို အိမ်မြောင်တွေသာ အမြဲ ကျွေးခဲ့ ပါတယ် ။ ထို့ကြောင့် ငါးရဲ့ ကျန်းမာရေးအ ခြေအနေဟာ ဆိုးဝါးလာခဲ့ပြီး နောက်ပိုင်း ငါးလေးရဲ့မျက်လုံးဟာ မမြင်ရတော့ပါဘူး ။ ငါးရဲ့မျက်လုံး ပြန်မြင်အောင် Bayu ဟာ ငါးကိုဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ ပါသေးတယ် ။တစ်ရက်မှာတော့ Bayu ရဲ့ညီငယ်တစ်ယောက်ဟာ ဖခင်ဖြစ်သူက အဆိုပါ ငါးလေးကိုကြော်စားနေတဲ့ ဓာတ်ပုံကို ပို့လာခဲ့ပါတယ် ။

အဆိုပါဓာတ်ပုံကို မြင်လိုက်ချိန်မှာ Bayu ဟာ အတော်စိတ်ဆိုး ဒေါသထွက်ခဲ့ပေမဲ့လည်း ငါးလေး သေသွားပြီဆိုတာကိုလက်ခံခဲ့ရပါတော့တယ် ။အဆိုပါ ငါးကြော်ကိုတော့ သူ၏ ဖခင်တစ်ဦးတည်းကသာ စားခဲ့ပါတယ် ။ ယခုချိန် မှာတော့ အဆိုပါငါး၏ပေါက်ဈေးမှာ မြန်မာငွေ ၂ သိန်းကျော်ခန့် ရှိနေပြီ ဖြစ်ပြီး Bayu ကတော့ ပြန်ရောင်းဖို့မွေးမြူခဲ့တာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *