ရသမျှလုပ်အားခ အမေ့ကို အကုန်အပ်တယ် လိုရင် ပြန်တောင်းတယ် စျေးကြီးတဲ့ Branded တွေကို ဝယ်မသုံး ဖြစ်တဲ့ အကြောင်းရင်းကို ပြောပြ လာတဲ့ ရွှေသမီး

ရ သမျှ လုပ်အားခ အမေ့ကို အကုန် အပ်တယ် လိုရင် ပြန်တောင်းတယ် စျေးကြီးတဲ့ Branded တွေ ကို ဝယ် မ သုံး ဖြစ် တဲ့ အ ကြောင်းရင်းကို ပြောပြ လာတဲ့ ရွှေသမီး

ဖြူစင်တဲ့ အပြုံးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သရုပ်ဆောင် ရွှေသမီး ကတော့ နာမည်ရ နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပေမယ့် လုပ်အားခ အကုန် မိခင် ကိုပဲပြန်အပ်ပြီးဈေးကြီးတာတွေ ဝယ်သုံးလေ့မရှိဘူးလို့ဆိုပါတယ်။

ရွှေသမီးကတော့ ” ဈေးကြီးတဲ့ ပစ္စည်းတွေ မကြိုက်ဘူးလား မေးရင်တော့ ကြိုက်တာပဲလေနော့် ကြိုက်တဲ့မိန်းကလေးထဲမှာပါတယ် ဒါပေမယ့် ကိုယ့်အနေထားနဲ့ အခြေအနေကို ကြည့်ပြီးမှသုံးစွဲတယ် နောင်ကျလို့ နာမည်ကြီးလာပြီး စီးပွားရေး အဆင်ပြေလာလို့ ငွေပို လျှံလာရင်လည်း ဝယ်ဖြစ် သုံးဖြစ်မှာ ပေါ့နော် တော်တော်များများ brand မဟုတ်တာတွေပဲ ကိုင်ဖြစ်တာများပါတယ် ” လို့ဆိုထားပါတယ်။

လုပ်အားခကို အမေ့ကို အကုန် အပ်တယ်ဆိုတဲ့ ရွှေသမီး ကတော့ “ကိုယ်အလုပ်လုပ်တဲ့ ပိုက်ဆံကို မေမေ့ကို ပဲ အကုန်အပ်တယ် ရွှေ တပြား တချပ်မှ မသုံးဘူး ကိုင်လည်း မကိုင်ဘူး စာချုပ်တွေ ဘာတွေချုပ်ကတည်းက ရွှေလက်မှတ်ပဲ ထိုးတယ် ပိုက်ဆံတွေ မေမေ့ကိုပဲ ပေးပါလို့ ပြောထားတယ် မေမေပဲ ကိုင်တယ် မေမေပဲ စေ့စေ့ စပ်စပ်လေး လုပ်ပေးတယ် ”

“ရွှေသုံး စရာရှိရင် လက်ဖြန့်ပြီး ပြန်တောင်း ရတယ် မန်းလေးပြန်ရင်လည်း သူငယ်ချင်း တွေနဲ့ သိပ်မထွက် ဖြစ်ဘူး ထွက်ရင်လည်း မုန်ဝယ် စားတာ ဆိုတော့ ပိုက်ဆံ တောင်းရပြီ ပထမ တစ်ရက် ကတောင်း ထားတယ် ဒုတိယ ရက်ကျတော့ သိပ် မရှိ တော့ဘူး ထပ်တောင်းရင် မနေ့ကယူသွားတယ်လေ မနေ့ကပဲ အများကြီးယူသွားတယ်လေဆိုတော့ တစ်ခါတည်း များများ ယူသွားလိုက်တယ် ”

“ယူသွားတဲ့ ပိုက်ဆံကလည်း မုန့်စားဖို့ အတွက်ပဲ ဘာအဆာပလာသုံးဖို့ ဝယ်ဖို့လည်း မဟုတ်ဘူး ရန်ကုန်မှာ ဆိုလည်းအဲ့လိုပဲ မုန့်ဝယ်စားဖို့ အတွက်ပဲ ပိုက်ဆံ မကိုင်ဘူး မေမေ့ကိုပဲ ပေးထားတယ်” လို့ဆိုပါတယ်။မိခင်ဆီက ငွေထုတ်ပုံနဲ့စာရင်းပြန်တင်ရတဲ့ အကြောင်းလေးကိုလည်း “တစ်ခါတစ်လေ ကြိုနှိုက်ထားတာမျိုး တွေရှိတယ် ၅သောင်း လောက် နှိုက်ထား လိုက်တယ် မေမေ က အပြင် သွားဖို့ ၈ သောင်းလောက် ပေးတယ် ဆိုရင် ခိုင်သွားပြီလေ နောက်တစ်ခါပြန်တောင်းဖို့ မလို တော့ဘူး အများကြီး ပြန်တောင်း ပြီးရင် ပိုရင်လည်း အမေ့ကို ပြန်အပ်တယ် အများကြီး စားမိလို့ ကုန်ရင် မေမေကစစ်တယ် နင်ဘာတွေ စားထားတာလဲတို့ ဘာတို့ပေါ့” လို့ သူ့ အ ဖြစ်အ ပျက်လေးကို ပြောပြထားပါသေးတယ်။

ရတဲ့ငွေကြေးနဲ့ လောက်အောင် မျှမျှတတ သုံးတယ်ဆိုတဲ့ ရွှေသမီးကတော့“ပထမဦးဆုံး ရတဲ့ အနု ပညာ ကြေးက သုံးသိန်း အဲ့တာဘာလဲ ဆိုတော့ စလုပ်တဲ့ အချိန်ပေါ့ ၁၀ တန်း ဖြေပြီးတဲ့ အချိန် ရှန်ပူ Product တစ်ခုမှာ ရှိုးပွဲ ဝင်ပြိုင်တော့ သုံးသိန်း ရတယ် အဲ့တာ ပထမဆုံးရတဲ့ လစာပေါ့”

“ပိုက်ဆံ အများကြီးသုံးတဲ့ နေရာကတော့ မုန့်စားတာပဲ ဈေးကြီးတဲ့ပစ္စည်းတွေ မကြိုက် ဘူးလား မေးရင် တော့ ကြိုက်တာ ပဲလေ နော့် ကြိုက်တဲ့ မိန်းကလေးထဲမှာ ပါတယ် ဒါပေမယ့် ကိုယ့် အနေထားနဲ့အခြေ အနေကို ကြည့်ပြီးမှ သုံးစွဲတယ် ကိုယ်တွေ အတွက် အရမ်းခက်ခဲခဲ့တဲ့ အချိန် ဆိုတာ ရှိတယ် ပေါ့နော် ငွေရဲ့တန်ဖိုး အ ခုအချိန် ကိုယ်တိုင် အလုပ်လုပ်တဲ့ အချိန်မှာ ပိုသိလာတယ် အဲ့တာကြောင့်လိုအပ်တဲ့ အရာတွေပဲ ရွှေ ဝယ်တယ် နောင်ကျလို့ နာမည် ကြီးလာပြီး စီးပွားရေး အဆင်ပြေ လာလို့ ငွေပိုလျှံ လာရင်လည်း ဝယ်ဖြစ် သုံးဖြစ်မှာပေါ့နော် ကိုယ်လည်း ဈေးကြီး တာတွေ ကြိုက်တဲ့ ထဲမှာ ပါတယ်လေနော် တော်တော် များများ brand မဟုတ်တာ တွေပဲ ကိုင်ဖြစ်တာ များပါတယ် ”

“အဓိက စိတ်ပေါ့ ကိုယ့် ကိုကိုယ်လည်း ဆုံးမတယ် ကိုယ့်ရဲ့အခြေ အနေနဲ့ ရောင့်ရဲ တင်းတိမ်ရမယ် ကိုယ်ရှိတာနဲ့ လှအောင် သုံးတတ်ရမယ် လောက်အောင် သုံးတတ်ရမယ်ပေါ့ မိသားစုအတွက်လည်း လိုအပ်တဲ့နေရာတွေရှိနေသေးတာဖြစ်တဲ့အတွက် မိသားစုအတွက်အများဆုံး သုံးဖြစ်တာပေါ့”လို့ Myanmar Celebrity နဲ့ အင် တာဗျူးမှာ ဖြေဆို ထားတာပါ ။Source – Myanmar Celebrity