၈၅ နှ စ် သက်တမ်း ရှိသ မိုင်းဝင်ကျောင်းအဆောက်အအုံကြီးကို စက်ရုပ်ခြေထောက်များဖြင့် နေရာသစ်သို့ ရွှေ့ပြောင်း

၈၅ နှစ်သက်တမ်းရှိသော သမိုင်းဝင်ကျောင်းအဆောက်အအုံကြီးကို စက်ရုပ်ခြေထောက်များဖြင့် နေရာသစ်သို့ ရွှေ့ပြောင်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ၈၅ နှစ် သက်တမ်းရှိတဲ့ သမိုင်းဝင်စာ သင်ကျောင်း အဆောက် အအုံကြီးတစ်ခုကို စက်ရုပ် ခြေထောက် ၁၉၈ ခု အသုံး ပြုပြီး အင်ဂျင်နီ ယာတွေက အောင် မြင် စွာ ရွှေ့ ပြောင်းပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံမှာ အိုဟောင်း နေတဲ့ အဆောက် အအုံ တွေကို ရွှေ့ ပြောင်းနေကျဆို ပေမယ့် Lagena မူလတန်းကျောင်းဟာ တန်ချိန် ၇၆၀၀ အလေးချိန် ရှိတဲ့ အပြင် ထူးခြားတဲ့ ပုံသဏ္ဌာန် ရှိတာကြောင့် အင်ဂျင်နီယာတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။

နောက်ဆုံး မှာတော့ ဟိုက်ဒရောလစ် ခြေထောက် ၁၉၈ခုကိုအသုံး ပြုပြီး ကျောင်းကြီးကို ၁၈ ကျော် အတွင်း ၂၀၃ ပေ အကွာအဝေးကို ရွှေ့ပြောင်းနိုင်ခဲ့ ပါတယ်။ ဒီလိုရွှေ့ပြောင်းမှုဟာ ကမ္ဘာပေါ် မှာ ပထမဆုံးမဟုတ်ပေမယ့် စက်ရုပ်ခြေ ထောက်တွေကိုအသုံးပြုတာကတော့ ပထမဆုံးဖြစ်ပါတယ်။

လူသား တွေရဲ့ခြေထောက်ကို တုပထားတဲ့စက်ရုပ်ခြေထောက်တွေဟာသမားရိုးကျရွှေ့ပြောင်းတဲ့ နည်းစနစ်တွေထက်ပိုမိုကောင်းမွန်ပြီး ၂၀ ရာခိုင်နှုန်းအချိန်ကုန် သက်သာစေပါတယ်။

ဒီခြေထောက်တွေကြောင့်လည်း အင်ဂျင်နီယာတွေဟာ အဆောက် အအုံ ကြီးကို ၂၀ ဒီဂရီ လှည့်နိုင်ခဲ့ ပါတယ်။ ၁၉၃၅ ခုနှစ်က တည် ဆောက်ခဲ့တဲ့စာသင် ကျောင်းကို ကုန်သွယ်ရေး စင်တာသစ် တည် ဆောက်ဖို့ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက စာသင်ကျောင်း ကိုဖြိုချမယ့်အစား သမိုင်းဝင်အဆောက် အအုံဖြစ်တာကြောင့် နေရာရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ် တယ်လို့ သိရပါတယ်။ credit:pyi myanmar