ယနေ့ခေတ် ကလေးတွေ သိပ်မသိတော့တဲ့ မြန်မာ့ရိုးရာ ယဥ်ကျေးဖွယ်ရာ အမူအကျင့်များ

ယနေ့ခေတ် ကလေးတွေ သိပ်မသိတော့တဲ့ မြန်မာ့ရိုးရာ ယဥ်ကျေးဖွယ်ရာ အမူအကျင့်များ

တံခါးပိတ်တဲ့ အခါ “ဂျိန်း” ခနဲ မြည်အောင် ပိတ်ကြတယ် ။ ရေခဲ သေတ္တာပိတ်တာကို “ဗိန်း”ခနဲ မြည်အောင် ပိတ်ကြတယ်။ ထမင်းပေါင်းအိုး ပိတ်တာ ကိုလည်း “ဂျောင်း” ခနဲ မြည်အောင် ပိတ်ကြတယ်။ အဲဒီလို အမူအကျင့်တွေဟာ အထိန်းအမ မရှိ၊ သတိမထားတဲ့ အောက်တန်းကျတဲ့ အမူအကျင့်ဖြစ်တယ်။

အိုးခွက်ပန်းကန် ဆေးတာ၊ ဟင်းရည်သောက်ပြီး ဇွန်းကိုပြန်ချတာတွေလည်းအသံမမြည်အောင်သတိထားရတယ်။ဟင်းရည်သောက်တဲ့အခါမှာ သုရုသုရုအသံ မမြည်အောင် သောက်ရတယ်။ ထမင်း စားတဲ့အခါမှာလည်း စပုစပုအသံ မမြည်အောင် စားရတယ်။ မြည်ရင် အသံထွက်ရင် သူတပါးအထင်အမြင်သေးခံရတတ်တယ်။စားပြီးလက်ဆေးတဲ့အခါ၊ပလုတ်ကျင်းတဲ့အခါမှာ အသံမမြည်အောင်၊ နှလုံးပျို့စရာ၊ရွံစရာ၊မသတီစရာမဖြစ်အောင် ဆေးရကျင်းရတယ်

ပြီးတော့ လူကြီးမိဘ ဆရာသမား တွေရဲ့ အိပ်ရာ နေရာ အပေါ်မှာ တက်မအိပ်ရဘူး။ထိုင်ခုံ အခင်းတွေအပေါ် တက်မထိုင်ရဘူး။ အိပ်ယာ ခေါင်းရင်းပိုင်းကို သွားတဲ့ အခါ လေးဘက်တွား သွားရတယ်။ လမ်း လျှောက်တဲ့ အခါမှာ ခြေသံ မကြားအောင် လျှောက်တတ်ရတယ်။

ဖိနပ်စီးသွားရင်လည်း “ရှပ်ရှပ်” အသံမြည်အောင် ရှပ်တိုက်မသွားရဘူး။ပြီးတော့ လူကြီးမိဘ ဆရာသမာတွေရဲ့ အိပ်ရာနေရာအပေါ်မှာ တက်မအိပ်ရဘူး။ ထိုင်ခုံ အခင်းတွေ အပေါ် တက်မထိုင်ရဘူး။ အိပ်ယာ ခေါင်းရင်း ပိုင်းကို သွားတဲ့ အခါ လေးဘက် တွားသွားရတယ် လမ်းလျှောက်တဲ့ အခါမှာခြေသံ မကြားအောင် လျှောက်တ တ်ရတယ်။

ဖိနပ်စီးသွားရင်လည်း “ရှပ်ရှပ်” အသံမြည်အောင် ရှပ်တိုက်မသွားရဘူး။ လှည်းတဲ့ ကျင်းတဲ့ အခါမှာလည်း သတိထားရတယ်။ ဟင်း အိုး ဟင်းခွက် တွေထဲ ဖုန်မဝင်အောင် အရင် ဖုံးဖိပြီး လှည့်ကျင်းရတယ် ။ မြေကြီး အပေါ် လှည့်ကျင့်းတခါ လူသွား လူလာရှိရင် ရပ် တန့်ပေးရတယ်။

လက်ဆေးရေ စတဲ့ ရေညစ် ရေဆိုး သွန်တဲ့ အခါ အရပ် လေးပါး ဥပစာကိုကြည့်သွန်ရတယ်။လူကြီးမိဘ ဆရာသမားတွေနဲ့ စကား ပြောတဲ့အခါ၊လျှောက်တင်တဲ့အခါမှာလည်း “ဘူး၊ တယ်” နဲ့ ထည့်ပြီး မပြောရဘူး။

ဥပမာ “မဟုတ်ဘူးဘုရား” လို့ မလျှောက်ရ ။ “မဟုတ်ပါဘုရား” လို့ လျှောက် ရတယ် ။ “ဟုတ်ပါတယ် ဘုရား၊ မှန်ပါတယ်ဘုရား” လို့ မလျှောက်ရ၊“ဟုတ်ပါဘုရား၊မှန်ပါဘုရား”လို့လျှောက်ရတယ်။ “ပါ” နဲ့ လျှောက်ရ၊ ပြောရတယ်။ ရဟန်းသာမဏေတွေ ကျင့်သုံးရတဲ့ ဝိနည်း သိက္ခာ အချို့ကို လူတွေလည်း လိုက်နာကျင့်သုံးသင့်တယ် ။ အပြောဆို၊ အသွားအလာ၊ အနေအထိုင်၊ အမူအကျင့်တွေ အထက်တန်း ကျဖို့၊ အဆင့် အတန်း မြင့်ဖို့အရာ အသေးအမွှားက လေးကအစ သတိပြုရတယ်။

ဒီကနေ့ခေတ် ကလေးတွေရဲ့ အမူအကျင့်တွေဟာ မြင်ရတာ သိပ်မကောင်းဘူး။ လူကြီးမိဘများက ဖြစ်ကတတ်ဆန်း တော်ရိလျှော်ရိနေရင် ကလေးများတွေ ကလည်း ဒီအတိုင်းသာ ဖြစ်နေလိမ့်မယ်။ သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ အတိုင်း လက်ဦးဆရာများဖြစ်တဲ့ လူကြီး မိဘ များက ကြပ်ကြပ် မတ်မတ် နည်းလမ်း ကျနအောင် သွန်သင် ပြသဖို့ လိုတယ်။ လေးစားစွာဖြင့်

မြသိန်းတန်အရှင်

Add a Comment

Your email address will not be published. Required fields are marked *