ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ဂင်းနစ် မှတ်တမ်း၀င်သွားတဲ့ မိန်းကလေး

ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ဂင်းနစ် မှတ်တမ်း၀င်သွားတဲ့ Nilanshi

အ်ိန္ဒိယက Nilanshi Patel ဆိုတဲ့ မိန်းကလေး တော့ ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ဂင်းနစ်မှတ် တမ်း၀င် ထားပါတယ်။သူမက တော့ (၂၀၁၈) နို၀င်ဘာ (၂၁)တည်းက ဒီစံချိန် ကို တင်ထားခဲ့တာပါ။သူမရဲ့စံချိန်ကိုကျော်နိုင်တဲ့သူ မပေါ် သေးပါဘူးမကြာသေးခင် ကတော့ သူမရဲ့ စံချိန်ကို တတိယ အကြိမ်မြောက် သူမကိုယ်တိုင် ထပ်ချိုး လိုက်နိုင်ပါတယ်။

(၂၀၁၈)တုန်းက ဆံပင်အရှည်က (၅)ပေ (၇)လက်မ ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ် နှစ် တုန်းက လည်း သူမရဲ့ စံချိန် ကို သူမကိုယ်တိုင်ပဲ ထပ်ချိုး ထားနိုင်ခဲ့ပြီး အခုလို နောက်ထပ် စံချိန် သစ် ထပ်တင်လိုက်နိုင်ပါတယ်။

ဒီအကြောင်းကိုတော့guinnessworldrecords မှာ ဖော် ပြထားတာပါ။(၂၀၁၉)မှာတော့ ဆံပင်က (၆) ပေ (၂.၈)လက်မ အထိ ရှိနေခဲ့ပါတယ်။အခုနောက်ဆုံး တိုင်းတာ မှု မှာတော့ (၆)ပေ (၆.၇)လက်မ အထိ ရှည် နေပါပြီ။

ဒီလို စံချိန် အတွက်ကိုတော့ ရေစိုနေတဲ့ ဆံပင်ကို တိုင်းတာ ရတာ ဖြစ်ပြီး သဘာ၀ နည်းနဲ့ ရှည်လျားနေတဲ့ ဆံပင် မျိုး ဖြစ် မှ ဂင်းနစ် မှတ် တမ်း ၀င်နိုင်မှာပါ။

Nilanshi ကိုတော့သက်ရှိRapunzelဆိုပြီးသူမရဲ့ သူငယ် ချင်းတွေ က ခေါ် ကြပါတယ်။အခုနောက်ဆုံး စံချိန် ကိုတော့ သူမ အသက် (၁၈)နှစ်ပြည့် မွေးနေ့မတိုင်ခင် ထပ်တင်လိုက်တာပါ။လာမယ့် သြဂုတ်မာ (၁၈)ပြည့်ရင်တော့ ဆံပင်အရှည်ဆုံး ဆယ်ကျော် သက် စာရင်း က နေ ပယ် ဖျက် ခံရမှာ ဖြစ်ပြီး ဆံပင်အရှည်ဆုံးဆယ်ကျော်သက် မှတ်တမ်း ၀င်ဖူးသူ အဖြစ်ကို ပြောင်းသွားမှာပါ။Nilanshi  က တော့ (၆) နှစ် သမီးတည်းက ဆံပင်ရှည်ထားလာတာပါ။ဆံပင်ညှပ် ဆိုင်က ကောင်းကောင်း ညှပ် မပေးလို့ အဲ့ဒီ တည်းက ဆံပင် မညှပ် တော့ ဘူးလို့ ဆုံးဖြတ်ပြီး အရှည်ထားဖြစ်ခဲ့တာလို့ သူမက ပြော ပါတယ်။

အမေ လုပ်သူ ကလည်း အရှည် ထားဖို့ အားပေးကာ သူမ ဆံပင်လျှော်တဲ့ အခါ ၊ဖြီးတဲ့အခါမျိုးတွေ မှာလည်း ကူညီ ပေးပါတယ်။ဂင်းနစ်မှတ်တမ်း၀င်ခွင့်ရတဲ့ အတွက် တော့ ကျေနပ် နေပြီး အရင် စံချိန်ဟောင်းတင်ခဲ့သူ Keito Kawaharaလမ်းစဉ်ကို လိုက် မလိုက် တော့ မသချော သေးပါဘူး။Keito Kawahara က တော့ နောက်ပိုင်းတေ့ာ ဆံပင်ကို ညှပ်ပစ် ခဲ့တာပါ ။ မညှပ် ပဲနဲ့ပဲ ကမ္ဘာ့ ဆံပင် အ ရှည် ဆုံး အ မျိုးသမီး စံချိန်တင်ထားတဲ့ Xie Qiuping ရဲ့ လမ်းစဉ်ကိုပဲ လိုက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ credit