သုံး မိ န စ် အတွင်း ကားမှ လေယာဉ်အဖြစ် ပြောင်းလဲနိုင်သော ယာဉ်ကို စမ်းသပ် မောင်းနှင်

သုံးမိနစ်အတွင်း ကားမှ လေယာဉ်အဖြစ် ပြောင်းလဲနိုင်သောယာဉ်ကို စမ်းသပ်မောင်းနှင်

ဆလိုဗေးကီးယားနိုင်ငံအခြေစိုက် KleinVision ကုမ္ပဏီဟာ မော်တော်ကား ကနေ လေယာဉ်အဖြစ် သုံးမိနစ်အတွင်း ပြောင်းလဲနိုင်တဲ့ယာဉ်ကို စမ်းသပ်မောင်း နှင်ခဲ့တယ်လို့ သိရပါတယ်။

AirCar လို့နာမည်ပေးထားတဲ့ယာဉ် ဟာ လေယာဉ်ပြေးလမ်းကို ကားအနေနဲ့ မောင်းနှင်သွားပြီး တောင်ပံတွေ ထုတ်ပြီးမှ လေယာဉ်လိုစတင်ပျံသန်းတာကို မြင် တွေ့ရပါတယ်။

AirCar ဟာ ပေ ၁၅၀၀ အမြင့်မှာ ပျံသန်းပြီး တစ်ကြိမ်မှာ မိုင်ပေါင်း ၆၂၀ လောက်အထိသွားနိုင်ပါတယ်။ စျေး နှုန်းကိုထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ မယ့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ရောင်းချ ပေးနိုင်ဖို့မျှော်မှန်းထားပါတယ်။

နှစ် ယောက်စီး၊ လေးယောက်စီးအစရှိသဖြင့် အမျိုးမျိုးထွက်ရှိမှာဖြစ်သလို အင်ဂျင်အ ရွယ်အစား အမျိုးမျိုး ပါဝင်လာမှာ ဖြစ်ပါ တယ်။ အခုစမ်းသပ်ခဲ့တာဟာ KleinVision ရဲ့ငါးခုမြောက်နမူနာ ပုံစံ ဖြစ်ပြီး ထုတ်လုပ် သူတွေက AirCar ကို ကိုယ်တိုင်အ ပန်းဖြေ ခရီးထွက်ချင် သူတွေသာ မက တက္ကစီလို အခကြေးငွေနဲ့ဆွဲချင်သူ တွေအတွက်လည်း အဆင်ပြေစေနိုင် တယ်လို့ ဆိုထားပါတယ်။

AirCar မှာ ခေတ်မီ နည်းပညာတွေ အသုံးပြု ထားတဲ့ အနက် ကျုံ့နိုင် ဆန့်နိုင်တဲ့ တောင်ပံ၊ ခေါက်လို့ ရတဲ့ လေယာဉ် အမြီးနဲ့ လေထီး စနစ် တွေက ခေတ် အမီဆုံး ပဲလို့ Klein Vision ကုမ္ပဏီက ဆိုထားကြောင်း သိရ ပါတယ်။credit : pyi myanmar

Tags: