ငိုခြင်းက ကျန်းမာရေးအတွက် ကောင်းသဖြင့် ဂျပန်ကျောင်းများနှင့်ကုမ္ပဏီများက ငိုရန်အားပေးလာ

ငိုခြင်းက ကျန်းမာရေးအတွက် ကောင်းသဖြင့် ဂျပန်ကျောင်းများနှင့်ကုမ္ပဏီများက ငိုရန်အားပေးလာ

ငိုလျှင် စိတ်ကျန်းမာရေး အတွက် ကောင်းသဖြင့် ငိုရန် အားပေးသည့် ဂျပန်ကျောင်းနှင့် ကုမ္ပဏီ ပို၍ များလာ နေကြောင်း သိရသည်။ ဝမ်းနည်း လျှင်ဖြစ်စေ၊ ဝမ်းသာလျှင် ဖြစ်စေ ကျသည့် မျက်ရည်က စိတ်ဖိစီးမှုကို လျော့ကျ သွားစေသဖြင့် ယင်းက စိတ်ကျန်းမာရေး အတွက် အထူး အထောက်အကူ ပြုခြင်းဖြစ်သည်။

စိတ်မချမ်းသာ စရာတွေ စုပုံလာပြီဆိုရင် လူ့စိတ်က ခံနိုင်မရှိတော့ဘူး။ဒါကြောင့်အလိုလို ငိုလိုက်မိတော့တယ်။အဲဒီအခါကျမှ လည်း စိတ်က ပေါ့သွားတော့တာ ” ဟု နီပွန်ဆေးကျောင်းမှ ပါမောက္ခ ဂျန်ကိုအမ် မီဟာရာက ဆိုသည်။

အသက် ၄၃ နှစ် အရွယ် အထက်တန်းကျောင်းဆရာ ဟီဒီ ဖူမီယိုရှီဒါက ငိုလျှင် ရလာနိုင်သည့် အကျိုး ကျေးဇူးများကို လူအများသိလာ စေရန် ကျောင်းများနှင့် ကုမ္ပဏီများတွင် လွန်ခဲ့သည့်ငါးနှစ်ခွဲလုံးလုံး ဟောပြော ပို့ချပေးခဲ့သည်။

၎င်း နှစ်သိမ့် ဆွေးနွေး ပေးရသည့် ကျောင်းသားဟောင်း တစ်ဦးသည် ၎င်းခံစားနေရသည့် အခက်အခဲများကို ပြောပြပြီး ငိုချလိုက်ပြီး နောက်တစ်နေ့တွင် နှစ် သိမ့်ဆွေးနွေးခန်းကို ထပ်မလာ တော့ပေ။ထိုကတည်းကစကာ ငိုလျှင်ရလာနိုင်သည့် အကျိုးကျေးဇူးကို ကျောင်းဆရာ သတိထားမိ လာသည်။

ငိုတာက ရယ်တာ၊ အိပ်တာတို့ ထက် စိတ်ဖိစီးမှုကို လျော့ကျ စေတယ်ဟု ၎င်းက ဆိုသည်။ထို့ကြောင့် ငိုလျှင်ဖြစ်လာသည့် အကျိုး ကျေးဇူးကို လူအများ သတိထားမိလာစေ ရန် ၎င်းက ဟောပြောပွဲများတွင် ပို့ချတော့ သည်။ Credit ; Pyimyanmar Journal

Tags: