စျေးသည်က ၎င်းကို နာမည်ကြီးပြီး စျေးရောင်း ကောင်းစေရန် လုပ်ပေးခဲ့သည့် ဘလော့ဂါအား တိုင်ချက်ဖွင့်

စျေးသည်က ၎င်းကို နာမည်ကြီးပြီး စျေးရောင်း ကောင်းစေရန် လုပ်ပေးခဲ့သည့် ဘလော့ဂါအား တိုင်ချက်ဖွင့်

အိန္ဒိယစျေးသည်က ၎င်းကို နေ့ချင်း ညချင်း နာမည်ကြီးပြီး စျေးရောင်းကောင်း စေရန် လုပ်ပေးခဲ့သည့် ဘလော့ဂါကို တိုင်ချက်ဖွင့်လိုက်ကြောင်း သိရသည်။

ကိုဗစ်ကြောင့် ဝယ်သူ မလာသဖြင့် ရောင်းမကောင်းကြောင်း ကန်တာပ ရာဆက် ဆိုသည့် စျေးသည် ငိုယိုပြီးပြော နေပုံကို ဂွာရက်ဖ်ဝါဆန်ဆိုသည့် ဘလော့ ဂါက အောက်တိုဘာ လဆန်းပိုင်းတွင် ဗီဒီ ယိုရိုက်ပြီး အွန်လိုင်းပေါ် တင်ကာ ယင်း စျေးသည် အတွက် အလှူငွေထည့်နိုင် ကြောင်း အလှူခံလိုက်သည်။ ၎င်းအတွက် ကောက်ခံရ ရှိထားသည့် အလှူငွေကို ဘလော့ဂါက အလွဲသုံးစား လုပ်သည်ဟု စျေးသည်က စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

စွပ်စွဲ ချက်များကို ဘလော့ဂါက ငြင်းဆိုထား သည်။ ဘလော့ဂါတင်လိုက်သည့် ဗီဒီယို အွန်လိုင်းပေါ်  ပျံ့သွားပြီး နောက်တွင် လူ အများက စျေးသည်အတွက် ငွေအလုအယက် လှူဒါန်းသည့်အပြင် အထက်ပါ သက်ကြီးရွယ်အို စျေးသည်ဇနီးမောင်နှံ စျေးရောင်းနေသည့်နေရာအထိသွားကာ မုန့် ဝယ်ယူအားပေးခဲ့ကြသည်။

သို့သော် ဇာတ်လမ်းက ထိုနေရာတွင်ပင် မပြီးသေး ပေ။ တိုင်ချက်လက်ခံရရှိကြောင်း ရဲတပ် ဖွဲ့က ဘီဘီစီကို အတည်ပြု သော်လည်း စွဲချက် မတင်ရသေးကြောင်း ရဲတပ်ဖွဲ့က ဆက်ပြောသည်။

ဘလော့ဂါသည် မိမိနာ မည်ဖြင့် အလှူငွေ အမြောက်အမြား ရရှိခဲ့ သော်လည်း မိမိကို ၂၆၈၈ ဒေါ်လာသာ ပေးသည်ဟု စျေးသည်အဘိုးက ဆိုသည်။ သို့သော် ဘလော့ဂါကမူ မိမိသည် ရရှိသမျှအလှူငွေအားလုံးကို စျေးသည် အဘိုးအိုအား လွှဲပေးပြီးပြီဟု ဘီဘီစီကို ပြောသည်။ စွပ်စွဲချက်များသည် အခြေအ မြစ်မရှိဟု ဘလော့ဂါက ဆက်ပြောသည်။credit : pyi myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *