ညဉ့်သန်းခေါင်အချိန် နေအိမ်မီးလောင်ပေမဲ့ ကြက်တူရွေးကယ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့သူ

ညဉ့်သန်းခေါင်အချိန် နေအိမ်မီးလောင်ပေမဲ့ ကြက်တူရွေးကယ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့သူ

သြစတြေးလျနိုင်ငံသားတစ်ယောက်ကတော့ ညဉ့်သန်းခေါင်ယံအချိန်မှာ နေအိမ်မီးလောင်မှု ကြုံတွေ့ခဲ့ပေမဲ့ ကြက်တူရွေးကယ်လို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်း အချိန်က ကွင်းစ်လန်း ပြည်နယ် ၊ ဘရစ္စဘိန်း မြို့မှာ ရှိတဲ့ အန်တန်ငုယင်ရဲ့ ၂ထပ်အိမ် မီးလောင်ခဲ့ပြီး မီး လောင်ချိန်မှာ အန်တန်ငုယင်က အိပ်ပျော်နေတာပါ။” ဆူဆူညံညံအသံတွေ ကြားတယ်။

ကျွန်တော့်ရဲ့ ကြက်တူရွေး အဲရစ်က ကျွန်တော် အိပ်ရာနိုးအောင် အော်နေတာပါ။ ကျွန်တော်လည်း မီးခိုးနံ့ရလို့ အဲရစ်ကို ခေါ်ပြီး တံ ခါးဖွင့်လိုက်တော့ အိမ်နောက်ဖေးမှာ မီးခိုးတွေ တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း အောက်ထပ်ကို ပြေးဆင်းလာခဲ့တာ”လို့ အန်တန်ငုယင်က ပြောပါတယ်။

အန်တန်ငုယင်က တစ်ယောက် တည်း နေထိုင်သူ ဖြစ်ပြီး ကြက်တူ ရွေးကို ခေါ်ပြီး အိတ်တစ်လုံးနဲ့ အပြင်ဘက်ကို ပြေးထွက်လာခဲ့တာပါ။ မီးသတ်သမားတွေ ရောက်လာချိန်မှာတော့ တစ်အိမ်လုံးကို မီးဝါးမြိုနေပြီး မီးသတ်သမား ၄ ယောက်က တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

အန်တန်ငုယင်ရဲ့ အိမ်မှာ မီးအချက်ပေး စနစ် တပ်ဆင် ထားပေမဲ့ အဲဒီစနစ် အသံ မမြည်ခင်မှာ ကြက်တူရွေးက အော်နေခဲ့ တာပါ။ ဘာကြောင့် မီးလောင်ရလဲ ဆိုတဲ့ အကြောင်းရင်း ကိုတော့ စုံစမ်းစစ်ဆေး နေတုန်းပါပဲ။Ref: BBC ” Pet parrot saves Australian man from house fire”

Tags: