အပြေးပြိုင်ခွေးတွေ မွေးမြူရောင်းချတဲ့ ရွာလေး

အပြေးပြိုင်ခွေးတွေ မွေးမြူရောင်းချတဲ့ ဆီးရီးယားက ဒါဘာဆီး ရွာလေး

ပြည်တွင်းစစ်နဲ့ ကပ်ရောဂါတွေဖြစ်နေပေမယ့်လည်း အပြေးပြိုင်ခွေးတွေကိုတော့ ဆီးရီးယားက ရွာတစ်ရွာမှာ လေ့ကျင့်ပေးနေတာ တွေ့ခဲ့ရပါတယ်။

မိုဟာမက် ဒါဘတ်စ်က ရှေ့ကနေ မော်တော်ဆိုင်ကယ်စီး နောက်ကသူ့ခွေးတွေက အပြေးပြိုင်ရင်းလိုက်ကြနဲ့ပါ။ ဒီလောက် ခွေးအတော်များများကို မွေးမြူထားတာက ပင်လယ်ကွေ့က ခွေးပြိုင်ပွဲတွေဆီကို ပြန်ရောင်းဖို့ပါ။

ဂရေးဟောင်းနဲ့ ဆယ်လူကီခွေးတွေကို အတော်များများ မွေးထားပါတယ်။

စစ်မဖြစ်ခင်တုန်းကတော့ ပင်လယ်ကွေ့နိုင်ငံတွေက ဝယ်လက်တွေအတော်များများက ဆီးရီးယားထိလာပြီး ခွေးဝယ်ဖို့ ကြည့်ရှုတတ်ကြပါတယ်။ဆယ်လူကီခွေးတစ်ကောင်ကို မှောင်ခိုစျေးမှာ ဒေါ်လာ ၄၀၀ ကနေ ၈၀၀ ထိရှိတတ်ပါတယ်။တစ်ခါတစ်ရံ ဒေါ်လာ ၁,၇၀၀ ထိလည်း ဝယ်သူကြိုက်ရင် ရတတ်ပါတယ်။

၁နှစ်ကို အကောင် ၁၀၀ကနေ၁၅၀ ကြား တင်ပို့ရောင်းချရကြောင်း ခွေးတစ်ကောင် ချင်းစီရဲ့ ပြေးနှုန်းနဲ့ အရည် အသွေး ကောင်းဖို့က အခြေခံကြောင်း ပြောပါတယ်။

ခုတော့ စစ်ကလည်းဖြစ် ကိုဗစ်ကလည်းရှိနဲ့ မွေးမြူထားတဲ့ကောင်ရေက နည်းနည်းလာပါတယ်။ အတော်များများက ခွေးတွေနဲ့လုပ်ရတဲ့ အလုပ်မျိုးကို မလုပ်ချင် ကြတာပါ။ ခွေးကို ချစ်ပြီး မွေးထားချင်ကြတာ မျိုးပဲ ရှိပါတယ် ။ အပြေးပြိုင် ခွေးတွေ မွေးပြီး ခုလိုရောင်းချရတဲ့ လုပ်ငန်းကလည်း အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။Credit: MRTV

Tags: