သီတင်းကျွတ်မှာ ဆရာသမား ကျေးဇူးရှင် တွေကို အိမ်တိုင်ရာ ရောက် သွားရောက်ဂါဝရပြုခဲ့တဲ့ မြင့်မြတ်

သီတင်းကျွတ်မှာ ဆရာသမား ကျေးဇူးရှင် တွေကို အိမ်တိုင်ရာ ရောက် သွားရောက်ဂါဝရပြုခဲ့တဲ့ မြင့်မြတ်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မြင့်မြတ် ကတော့ ကျရာ ဇာတ်ရုပ် တွေကို သဘာဝ ကျတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါပဲ..။

မြင့်မြတ် ကတော့ အောင်မြင် ကျော်ကြားတဲ့ ထိပ်တန်း စာရင်းဝင် အကယ်ဒမီ မင်းသား တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ပကာ သန မဖက်တဲ့ သူ့ရဲ့ နေထိုင်မှု ပုံရိပ် လေးတွေ ကြောင့်လည်း ပရိ သတ်တွေက အချစ် ပိုနေကြသူပဲ ဖြစ်ပါတယ်..။

အလှူ အတန်းတွေ ကိုလည်း အမြဲ လက်မနှေး သလို ဂါဝရတရားအမြဲထားတဲ့ မြင့်မြတ်က တော့ အခုလို သီတင်းကျွတ် အချိန်အခါလေးမှာလည်း ဆရာသမားတွေနဲ့ လူကြီးသူအတွေကို သွားရောက်ဂါဝရပြုခဲ့ပါတယ်နော်..။

မြက့်မြတ် ကတော့ သီတင်းကျွတ်ကာလလေးမှာ ကေညီ၊ ထူးခြားတို့နဲ့ အတူ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်၊ဒါရိုက်တာဝင်းထွန်း ထွန်းနဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) တို့ကို အိမ်တိုင်ရာ ရောက် သွားရောက် ဂါဝရပြု ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်နော်..။

သီတင်းကျွတ် လပြည့်နေ့မှာ ဆရာများကို ကန်တော့ခဲ့ပါတယ်..ဆိုပြီးတော့လည်း ဆရာသမားတွေကို သွားရောက်ဂါဝရပြုကန်တော့ခဲ့တဲ့ ပုံရိပ်လေးများ ကိုလည်း ဝေမျှ ထားပါသေး တယ်နော်..။

အခုလို ကြည်နူးပီတိဖြစ်စရာကောင်းလွန်းတဲ့ မြင့်မြတ်တို့ရဲ့ ဂါဝရပြုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။Source : Myat Wai Tun’s Fb Acc