ငါးမိနစ်အတွင်ခါးနာ ကျောနာ ခြင်းကိုသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

လူတော်တော်များများ အများဆုံး ဖြစ်လေ့ရှိတဲ့ ဝေဒနာကို ပြောပါဆိုရင် နောက်ကျောဘက် နာကျင်ခြင်းပါပဲ။ ခါးနာကြတယ်။ကျောနာကြတယ် စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့်သက်သာ မရှိပဲ ပင်ပန်းပါတယ်။ဒီလို ဝေဒနာတွေ ခံစားလာရပြီဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ် ကြည့်သင့် ပါတယ်။ဘယ်လို နည်းလမ်း တွေက ခါးနာ ကျောနာခြင်းကို သက်သာစေလဲဆိုရင်…

ကျောရိုးကိုအနားပေးခြင်း

အိမ်မှာ ရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့် သင့်ပါတယ်။ပထမဆုံး ကြမ်းပြင်မှာ ထိုင်လိုက်ပါ။ပြီးရင်ခြေထောက်နှစ်ချောင်းကို ဖြောင့်တန်းစွာ ထားလိုက်ပါ။ ခြေထောက် နှစ်ဖက် ၁၀ စင်တီမီတာလောက် ခြားထားပါ။ပြီးရင် စောင် တစ်ထည်ကို ထူထူလေးဖြစ်အောင် လိပ်ပြီး ပုံထဲမှာ ပြထား သလို ဒူးအောက်မှာ ထားပါ။ပြီးရင် ခေါင်းအုံးကို ခြေထောက် ပေါ်မှာ တင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိ ကွေးလိုက်ပါ။အဲ့ဒီအနေအထား အတိုင်း ၅မိနစ်ကြာမှာနေပါ။ဒီနည်းလေးက နောက် ကျောဘက် ကြွက်သားတင်းအားတွေကို ပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာသွားစေပါတယ်။

ဆားခါးနဲ့ခြေထောက်စိမ်ပါ

ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေး ရေဇလုံတစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက် ရောထည့်ပြီးမွှေလိုက်ပါ။ပြီးရင် ခြေထောက်ကို ၅မိနစ် ကနေ ၇မိနစ်လောက်ထိထည့် စိမ်ထားပါ။အချိန်ပြည့်တဲ့ အခါ ခြေထောက်ကို ထုတ်ပြီးခပ်နွေးနွေး ရေလေးနဲ့ ထပ်ပြီး ဆေးလိုက်ပါ။ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။

ဆားခါးက အကြောတွေ ၊ ကြွက်သား နာကျင် တာတွေကို ပြေလျော့စေတဲ့အတွက် ဆားခါးစိမ်လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာ သွားစေပါတယ်။

ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ

ဒူး အနောက်ဘက် အလယ် တည့်တည့်မှာ အကြော အမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီ အကြော နေရာ လေးကို လက်မနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိ ဖိထားပေးနိုင်ပါတယ်။ဒီ အကြောလေး တွေကို ဖိပေး တာကလည်း ခါးနေရာတစ် ဝိုက် ကြွက်သားနာကျင်မှုကို လျှော့ချပေးနိုင်တယ်လို့ သိရပတယ်။

အဝတ်ညှပ်ကလစ်ကိုသုံးပါ

အဝတ်လှန်းတဲ့ အခါမှာ လွင့်ပါ မသွားအောင် ချိတ်တဲ့ အဝတ်ညှပ်ကလစ်ကို နားရဲ့အပေါ်ဘက်မှာ ညှပ်ထားပါ။ ၅စက္ကန့်လောက်ကြာအောင်ညှပ်ပြီးဖြုတ်လိုက်ပါ။ နားတစ်ဖက်ဆီကို ၅ကြိမ်စီ ၅စက္ကန့်ကြာအောင် ညှပ်ပေးပါ။ပညာရှင်တွေရဲ့အဆိုအရ နားအပေါ်ဘက်တစ်ဝိုက်နေရာဟာ ပုခုံးရယ်၊နောက်ကျောရယ်နဲ့ဆက်နွယ်မှုရှိတယ်လို့သိရပါတယ်။ဒါကြောင့် နားအပေါ်ဘက် နေရာကို ကလစ်နဲ့ညှပ်ပေးတာဟာ နောက်ကျောဘက်ကြွက်သားနာကျင်မှုတွေ၊တင်းအားတွေကိုဖြေလျော့ပေးနိုင်တာဖြစ်ပါတယ်။

Lavender ဆီ

အုန်းဆီ ဒါမှ မဟုတ် ကြက်ဆူ ဆီ စားပွဲ တင် ဇွန်းတစ် ဇွန်းကို Lavender ဆီ အစက် အနည်းငယ်နဲ့ ရောစပ်ပြီး နာကျင်နေတဲ့ ကျော နေရာ တစ်ဝိုက်ကို ညင်သာစွာ ပွတ်လိမ်း နှိပ် နယ်ပေးပါ။Lavender ဆီမှာ နာကျင်မှုကို ပြေလျော့ သက်သာ စေတဲ့အစွမ်း သတ္ထိတွေ ရှိပါတယ် ။ဒါကြောင့် ခါးနဲ့ ကျောတစ်ဝိုက်ကိုလိမ်းပေးမယ်ဆိုရင် နာကျင်မှုတွေကို ပြေလျော့ ပေးနိုင်သလို စိတ်ဖိစီးမှုတွေ ကိုလည်း လျော့နည်း သွားစေ ပါတယ်။ credit