ကလေးတွေစာသင်နိုင်ဖို့ ကိုယ်ပိုင်ကျောင်းတည်ထောင်ခဲ့တဲ့ လေးစားဖွယ်(၁၂) နှစ်သား

ကလေးတွေ စာသင်နိုင်ဖို့ ကိုယ်ပိုင်ကျောင်း တည်ထောင် ခဲ့တဲ့ လေးစားဖွယ် (၁၂) နှစ်သား

အာဂျင်တီးနားနိုင်ငံသားလေးဖြစ်တဲ့ Nicanor Quinteros ဟာ အဖွားဖြစ်သူ ရာမိုနာနဲ့ နေထိုင်ပါတယ်။ သူဟာ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး နွားနို့နဲ့ ကွတ်ကီးကို ကြိုက်နှစ်သက်ပါတယ်။ Nicanor Quinteros ဟာ ကိစ္စတစ်ခု ကြောင့်သာမဟုတ်ခဲ့ရင် ရွယ်တူကလေးတွေနဲ့ ဘာမှမခြားနားတဲ့ ကောင်လေးတစ်ယောက် ဖြစ်မှာပါ။

Nicanor ရဲ့ ထူးခြားချက်က သူ့မှာ သူ့ကိုယ်ပိုင်ကျောင်းလေး ရှိတာပါ။ ကျောင်းစာသင်ချင်ပေမယ့် မသင်နိုင်တဲ့ကလေးတွေကို ကူညီပေးလိုတာကြောင့် ဒီကျောင်းကို သူကိုယ်တိုင် တည်ထောင်ထားတာပါ။ အခုဆိုရင် ကျောင်းဖွင့်ထားတာ (၄) နှစ်လောက် ရှိနေပါပြီ။အသက်ငယ်ပေမယ့်လည်း စိတ်သာရှိရင် ကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာကနေ ပိုကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ Nicanor က ပြသခဲ့ပါတယ်။

Nicanor အသက်(၉) နှစ်အရွယ်မှာ သူက အဖွားကိုအိမ်ဘေးမှာ ကျောင်းဆောက်ချင်တယ်ဆိုပြီး ပြောပြပါတယ်။ Nicanor က တချို့ကလေးတွေဟာ အိမ်လဲမရှိ၊ ကျောင်းသွားဖို့ လမ်းစရိတ်တောင်မရှိ၊ ဖိနပ်တောင်မရှိနဲ့ ဖြစ်နေကြာင်း၊ ဒီလိုကလေးတွေကို စာသင်ပေးချင်ကြောင်း အဖွားကို တိုင်ပင်ခဲ့တာပါ။

အဖွားကလည်း လိုလိုလားလားနဲ့ သဘောတူခဲ့ပြီး မြေး အဖွားနှစ်ယောက် အစီအစဉ်ကို အကောင် အထည် ဖော်ခဲ့ပါတယ်။ကျောင်းလေးကို Patria y Unidad လို့ သူတို့က နာမည် ပေးခဲ့ပါတယ်။ စာသင်ခန်းတွေအဖြစ် ဖန်တီးဖို့ ရွက်ဖျင်တွေနဲ့ တုတ်တွေကို အသုံးပြုပြီး သစ်သီးပုံးခွံတွေကိုတော့ ထိုင်ခုံတွေအဖြစ် အသုံး ပြုခဲ့ပါတယ်။

Nicanorဟာအိမ်နီးချင်းတွေနဲ့ ကြင်နာတတ်တဲ့သူတွေရဲ့ အကူ အညီကိုယူပြီး စာသင်ခန်းနောက်ထပ် (၂) ခန်း၊ ကျောက်သင်ပုန်း၊ စာကြည့်တိုက်အသေးလေးတစ်ခုနဲ့ ခေါင်းလောင်းတစ်ခုကိုပါ ဖန် တီးနိုင်ခဲ့ပါတယ်။စာသင်ပေးတဲ့ဆရာအချို့ ကတော့ Nicanor ရဲ့ အတန်းဖော်တွေဖြစ်ကြပြီး Nicanor ဟာ ကိုယ်ပိုင်ကျောင်းအုပ်ရုံးခန်းတောင် ရှိပါသေးတယ်။

ကျောင်းကိုလာတက်တဲ့ ကလေးတွေကလိမ္မာကြပါတယ်။ ကျောင်းမတက်ခင် ကျောင်းအုပ်ကြီး Nicanor ရဲ့ တံခါးကို လာခေါက်ပြီးသူတို့ကျောင်းရောက်ပြီဆိုတာ အသိပေးတတ်ပါတယ်။ကျောင်း မှာတော့ ကျောင်းသား(၃၆) ယောက်ရှိပါတယ်။ Nicanor ရဲ့ ကောင်းမှုကုသိုလ်တွေက ဒီမှာတင်အဆုံးသတ်တာ မဟုတ်ပါဘူး။သူဟာ နေ့တိုင်း (၄) ကီလိုမီတာ ဝေးတဲ့ ကျောင်းကို စက်ဘီးစီးသွားပြီး ကျောင်းတက်ပါသေးတယ်။

သူ့ရဲ့ ကိုယ်ပိုင်ကျောင်းမှာလည်း သူက စာပြန်ပြပါတယ်။ တစ်ခါတစ်လေ ပုံမှန် ချိန်လာပြီး ကျောင်း မတက် နိုင်တဲ့ ကလေးတွေအ တွက် ညပိုင်းအတန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။ဒါ့အပြင် သူရတဲ့ မုန့်ဖိုးတွေကိုစုပြီး Nicanorဟာသူ့ကျောင်းက ကျောင်း သူ ကျောင်းသားလေးတွေ အတွက် လက်ဖက်ရည်နဲ့ ကွတ်ကီးလို မုန့်တွေကို ကျွေးမွေးပါသေးတယ်။

Nicanor ရဲ့ ကောင်းသတင်းဟာ တဖြည်းဖြည်းနဲ့ ကျော်ကြားလာပြီး San Juan မြို့ဝန်တောင် လာပြီး သူ့ကို တွေ့ဆုံရတဲ့အ ထိ ဖြစ်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် စွမ်းဆောင်ရည်မသေးလှတဲ့ Nicanor ကတော့ အာဂျင်တီးနား တစ်နိုင်ငံ တည်း တင် မ ဟုတ်ပဲ ကမ္ဘာ အရပ် ရပ်က လူငယ်တွေ အဖို့ပါ အတု ယူစရာ ဖြစ် လာခဲ့ပါတယ်။Ref: brightside , CNN

Tags: