ဆိုင်က ထီမပေါက်ဘူးလို့ ပြောပေမယ့် ကိုယ့်ဘာသာ တိုက်ကြည့်တော့မှ သိန်းထီဆုတွေ အများကြီး ပေါက်နေကြောင်း သိလိုက်ရတဲ့ ဒိန်းဒေါင်

ဆိုင်က ထီမပေါက်ဘူးလို့ ပြောပေမယ့် ကိုယ့်ဘာသာ တိုက်ကြည့်တော့မှ သိန်းထီဆုတွေ အများကြီး ပေါက်နေကြောင်း သိလိုက်ရတဲ့ ဒိန်းဒေါင်

ဟာသလူရွှင်တော်၊ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ဒိန်းဒေါင် ကိုတော့ ပရိသတ်တွေ တော်တော် များများက ချစ်ခင် အားပေး ကြတာ ဖြစ်ပါတယ် ။

လူချစ်လူခင် ပေါများတဲ့ ဒိန်းဒေါင်က ဟာသ ဥာဏ်ရွှင်သလို ပျော်ပျော်လည်း နေတတ် တာကြောင့် အားလုံးရဲ့အချစ်ကို ရယူထားနိုင်တာ ဖြစ်ပါတယ် ။ ဒိန်းဒေါင်ရဲ့ ဇာတ်ကားတွေနဲ့ ဖျော်ဖြေပွဲတွေကလည်း အမြဲတမ်း ကြည့်ရှုသူ များပြားကာ အောင်မြင် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ပရဟိတ စိတ်ထက်သန်တဲ့ ဒိန်းဒေါင်က ဒုက္ခရော က် နေတဲ့ သူတွေကို ဖေးမ ကူညီ ပေးနေတာလဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်က ချွန်တွန်း ပရဟိတ အဖွဲ့ကို သူ ကိုယ်တိုင် ဦး ဆောင် ပြီး ပရဟိတ လုပ်ငန်း တွေကို ကြိုးစား ပမ်းစား လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ် ။

အခုတော့ ဒိန်းဒေါင်ကဒီလမှာ အောင်ဘာလေထီဆု (၇)ဆုတောင်ပေါက်ကြောင်း ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။ဒိန်းဒေါင်က “ထီပေါက်လားလို့လှမ်းမေးတယ်မပေါက်ဘူးတဲ့ ကိုယ့်ဘာသာတိုက်ကြည့်တော့ပေါက်တယ် ဆုသေးလို့လား တာဝန်ယူမှုမရှိတာလား မတိုက်ဘဲဆုံးရှုံးခဲ့သူတွေဘယ်လောက်ရှိပြီလဲ ထီတိုက်ကြပါခင်ဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာ ဖြစ်ပါတယ် ။

ဒိန်းဒေါင်ကတော့ တစ်သိန်းဆု(၂)ဆုနဲ့(၅)သောင်းဆု (၅) ဆုတိ တိကို ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ထီပေါက်တဲ့ဒိန်းဒေါင်ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source -Daing Daung’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *