မိဘနှစ်ပါးမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကို နေ့တိုင်းသွားပြီး အမေအဖေ နာမည်ကို ခေါ်နေခဲ့တဲ့ ကလေးငယ်

မိဘနှစ်ပါးမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကို နေ့တိုင်းသွားပြီး အမေအဖေ နာမည်ကို ခေါ်နေခဲ့တဲ့ ကလေးငယ်

လေးမိဘနှစ်ပါး မြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကို နေ့တိုင်းသွားပြီး အမေ အဖေနံမည်ကို ခေါ်နေခဲ့တဲ့ ကလေးငယ်လေး လူတိုင်းဟာ တစ်ချိန်ချိန်မှာတော့  ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါ။ ယခု တစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့်မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့တာပါ။

မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးက မိဘနှစ်ပါးလုံးကို မြုပ်နှံ ထားတဲ့ သဲမြေပုံလေး အကြားမှာ သဲမြေတွေနဲ့ဆော့ကစား နေခဲ့ တာကို မခံစား နိုင်လို့ ကလေးငယ်ရဲ့ အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲတာပါ။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကား ပြောချင်တယ် ဆိုလို့သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေ ရာကိုခေါ်လာပေးခဲ့တာပါ ။ သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က မေမေ ၊ မေမေ ဆိုပြီးအော်ခေါ် နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ် ပြန်လို့လည်းမရတော့ပါဘူး ။အိမ်မှာ သဲတွေ လုံးဝမဆော့တဲ့ ကလေးက ဒီမှာကျသဲမြေတွေနဲ့ ဆော့ကစားနေခဲ့ တာပါ ။

သူ့မိဘ တွေကို အတော်လေး သတိရနေပုံပါပဲ ၊ အိမ်ပြန် ဖို့လည်း ငြင်းနေခဲ့တယ် နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ်ဆိုပြီးတော့ ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါနော်။

သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီးတော့ မိဘနှစ်ပါး ရှိရာ နေရာသို့ အမြဲသွားရောက် လည်ပတ်လေ့ရှိတယ်လို သိရပါတယ်။ဒါကြောင့် အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီးတော့ တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ အကြံပေးချင်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *