မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ သစ်ပင်ကြီးကို ပေ 50 အမြင့်ရှိတဲ့ ဧရာမ လက်ကြီး အဖြစ် ဖန်တီး ပုံဖော်ခဲ့သူ

မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ သစ်ပင်ကြီးကို ပေ 50 အမြင့်ရှိတဲ့ ဧရာမ လက်ကြီး အဖြစ် ဖန်တီး ပုံဖော်ခဲ့သူ

Simon O’Rourke အမည်ရှိတဲ့ သစ်သား ပန်းပု ပညာရှင်ဟာ ပေ 50 အမြင့် ရှိပြီး ကောင်းကင် ဖက်ကို မြောက်ပင့် နေတဲ့ ဧရာမ လက်ကြီးရဲ့ အကြောင်းကို သူ့ရဲ့ social media ပေါ်မှာ ဝေမျှခဲ့ ပါတယ် ။ အဆိုပါ ဧရာမ လက်ပုံစံ သစ်သားပန်းပုကြီးကို ‘ Giant Hand of Vyrnwy ‘ လို့ အမည် မှည့်ခေါ်ထားကြောင်း သိရှိရ ပါတယ် ။

ပန်းပု ဆရာ ကတော့ ‘ Wales မှာ သစ်ပင်ကြီး တစ်ပင်က မုန် တိုင်းကြောင့် ပျက်ဆီး သွားမှန်း ကျွန်တော့် သူငယ်ချင်း ပြောပြလို့ သိခဲ့ရပါတယ် ၊အဲ့ကြောင့် သက်ဆိုင်တဲ့ တာဝန်ရှိ သူတွေကို ပန်းပုထုခွင့် ရဖို့ ခွင့်တောင် ခဲ့ပြီး နောက်ဆုံး အထင်ကရ အမှတ်အသားအနေနဲ့ ဧရာမ လက်ကြီးကို ထုလုပ်ဖို့ အကြောင်း ဖန်လာခဲ့ တာပါ ‘ ဆိုပြီး ပြောပြ ခဲ့ပါတယ် ။

ဒါ့အပြင် ဒီလို ဧရာမ လက်ပုံစံ ပန်းပုကို ကိုယ်ပိုင် အနေနဲ့ မှာယူမယ် ဆို ရင် တော့ $ 12,000 ကျ သင့် မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။Source: boredpanda

Tags:

Add a Comment

Your email address will not be published. Required fields are marked *