ပိုင်တံခွန်နဲ့ အတူ လွှင့်တဲ့ Live Sales မှာ ထင်မှတ် မထားလောက်အောင် ကြည့်ရှုသူများတဲ့အတွက် အံ့သြပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး

ပိုင်တံခွန်နဲ့ အတူ လွှင့်တဲ့ Live Sales မှာ ထင်မှတ် မထားလောက်အောင် ကြည့်ရှုသူများတဲ့အတွက် အံ့သြပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး

ပရိသတ်ရင်ထဲ ဟိုးအရင်ကတည်းက နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ အနုပညာရှင် မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ယခုလက်ရှိအချိန်မှာလည်း အောင်မြင်မှုတွေ တဖန်ရရှိနေပြန်ပါပြီနော်။

ကြော်ငြာတွေကို သူ ကိုယ်တိုင် မမှတ်မိနိုင်လောက်အောင် မြောက်များစွာ ရိုက်ကူး ခဲ့ရ တာကြောင့် အများက ချစ်စနိုးနဲ့ ကြော်ငြာမင်းသမီးလေးလို့ ချီးကျုး ခေါ်ဝေါ်ကြတာပါ။

ထက်ထက်မိုးဦးက အနုပညာ လောကထဲကို ပြန်လည် ဝင်ရောက် လာချိန်မှာ ပရိသတ်တွေ ကလည်း တစ်ခဲနက် ကြိုဆိုကြ သလို အ နုပညာရှင်တွေကလည်း ဝမ်းသာနေကြတာပါ။

လက်ရှိမှာထက်ထက်က တန်ဖိုးကြီးရတနာပစ္စည်းတွေကို ဖေ့ဘွတ်စာမျက်နှာ ထက်မှာ Live လွှင့် ရောင်းချ ပေးနေတာဖြစ်ပြီး ပရိ သတ်တွေ ကလည်း အားပေး ဝယ်ယူကြတာကို တွေ့ရပါတယ် ။

မနေ့က ထက်ထက်ရဲ့ Live Sales လေးမှာတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မင်းသားချော ပိုင်တံခွန်နဲ့ အတူ ရောင်းချခဲ့တာဖြစ်ပြီး ခါတိုင်းနဲ့မတူတဲ့ ကြည့်ရှုသူ ပရိသတ်ကို ရရှိခဲ့တာဖြစ်လို့ အံ့သြ နေခဲ့တာလည်း ဖြစ်ပါတယ်။

ထက်ထက်က သူမရဲ့ Myday စာမျက်နှာထက်မှာ ပိုင်တံခွန်နဲ့အတူ ပုံလေးကို တင်ပေးလာရင်း ” 110k အထိ ရောက်အောင် အားပေးကြတဲ့ ပရိသတ်တိုင်းကို ကျေးဇူးတင် ပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်လို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်…. Photo credit – Htet Htet Moe Oo’s FB page