လူ့ဘဝကြီးထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဒီကနေ့ဆို (၄၆) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်

လူ့ဘဝကြီးထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဒီကနေ့ဆို (၄၆) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်

တစ်ချိန်က ပုရိသ အမျိုးသား ပရိသတ်တွေ သာမက အမျိုးသမီးအချင်း ချင်းပါ ငေးကြည့် နေရ လောက်အောင် လှတဲ့ မင်းသမီးချော နန္ဒာလှိုင် ကတော့ ရုပ်ရည် ချောမောရုံ သာမက ထူးချွန်တဲ့ အနုပညာ အရည်အချင်းတွေ ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကသူမရဲ့အနုပညာ သက်တမ်းတစ်လျှောက်မှာ အကယ် ဒမီ ထူးချွန်ဆုကြီး (၂) ဆု တိတိကို လက်ဝယ် ပိုင်ဆိုင် နိုင်ခဲ့ပြီး အနုပညာ အလုပ်တွေ ရပ်နားပြီး ကုသိုလ်ရေးကို ပြုလုပ် ချိန်မှာလည်း နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိ မှာတော့ နန္ဒာလှိုင်က သမီး သုံးယောက်ကို မွေးဖွားထားပြီး သာယာတဲ့ မိသားစု ဘဝကို တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂)ရက် နေ့ကတော့ နန္ဒာလှိုင်ရဲ့မွေးနေ့လေး ပဲ ဖြစ်ပါတယ် ။ နန္ဒာလှိုင်က သူမရဲ့ မွေးနေ့မှာ ငယ်ငယ်က နုပျိုစဉ်အရွယ် ဓာတ်ပုံလေးနဲ့ အခုလက်ရှိပုံရိပ်လေးကို ယှဉ်ပြပြီး “သူလေးတောင် ၄၆ နှစ် ပြည့်ပြီ ဘဲ” ဆိုပြီး လူ့ဘဝကြီး ထဲမှာ ကျင် လည်ဖြတ်သန်းလာခဲ့တာ ဒီကနေ့ဆို (၄၆) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ် ကြောင်းကို ပြောပြလာခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ (၄၆) နှစ်ဆိုတဲ့ အရွယ်ကိုရောက်လာခဲ့ပေမယ့် သူမရဲ့ အလှအပတွေကတော့ ကုန်ခမ်းသွားခြင်းမရှိတာကိုတော့ ပရိသတ်ကြီး သတိထားမိမယ် ထင်ပါတယ်။

ပရိသတ်ကြီးလည်း မင်းသမီးချော နန္ဒာလှိုင် အတွက် မွေးနေ့ ဆုမွန်ကောင်း စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။Source: Nandar Hlaing’s fb