အစ်မဖြစ်သူ ဆုံးပါးသွားလို့ စိတ်ဒဏ်ရာ ရပြီး နာမကျန်းဖြစ်နေတဲ့မိခင်အတွက် မိန်းမဝတ်စုံ ဝတ်ဆင်ကာ ပြုစု စောင့်ရှောက် ပေးနေတဲ့ အမျိုးသား

အစ်မဖြစ်သူ ဆုံးပါးသွားလို့ စိတ်ဒဏ်ရာ ရပြီး နာမကျန်းဖြစ်နေတဲ့မိခင်အတွက် မိန်းမဝတ်စုံ ဝတ်ဆင်ကာ ပြုစု စောင့်ရှောက် ပေးနေတဲ့ အမျိုးသား

တရုတ်နိုင်ငံရှိ အမည် မဖော်ထားတဲ့ အမျိုးသား တစ်ဦးဟာ ကွယ် လွန် သွားပြီ ဖြစ်တဲ့ အစ်မရဲ့ ဝတ်စား ဆင်ယင်ပုံတွေကို နာမကျန်းဖြစ်နေတဲ့ မိခင် အတွက် ဝတ်ဆင် ပေးခဲ့ ပါတယ်။

မိခင်ဟာ သမီး ဖြစ်သူ သေဆုံး သွားခြင်းကို ယူကျူံးမရ ဖြစ်ခဲ့ရတဲ့ အတွက် သူမရဲ့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ချို့ယွင်း လာခဲ့ရပါတယ်။

အဆိုပါ အမျိုးသားဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးက အစ်မဖြစ်သူဝတ်စားခဲ့ သလို ဟန်ဆောင် ဝတ်ဆင်ရန် အကြံ အစည်ရခဲ့ကာ သူ့ရဲ့ အဝတ် အစားတွေကို စတင် ပြောင်းလဲခဲ့ပြီး အဲ့ဒီ အချိန် မှစပြီး အခုထိ ဝတ်စား နေခဲ့ပါတယ်။”

အခြား သူတွေရဲ့ထင်မြင် ယူဆချက်ကို ဂရု မစိုက်ပါဘူး ။ အမေ အရမ်း ပျော်နေ ခဲ့တဲ့ အတွက် ငါ ဆက်လုပ်နေမယ်” ဟုလည်းဖြေ ကြား ခဲ့ပြီး သူဟာ သူ့ ဆံပင် အရှည်နဲ့ အသွင် အပြင် တို့ကို ပိုအ လေးပေး ဂရုစိုက်ခဲ့ပါတယ်။

သူရဲ့တစ်နေ့တာ အများစုဟာ ဖျားနာနေတဲ့ မိခင်ကို ကြည့်ရှုစောင့် ရှောက်ခြင်းအတွက်သာဖြစ်ပြီး သူဟာ ပုလွေမှုတ်ခြင်းဖြင့် သူစိမ်းတွေထံမှ ပိုက်ဆံ ရှာဖွေ ခဲ့ပါတယ်။

မိခင်ဖြစ်သူကို အဆက်မပြတ် စောင့်ရှောက်ပေးနေမှုကြောင့် လက် မထပ်ရသေးတဲ့ အဆိုပါ အမျိုးသားဟာ တခြား သူတွေရဲ့ထင်မြင် ယူဆချက်ကို အထူးတလည် ဂရုမစိုက်သလို မိခင်ဖြစ်သူ ပျော်ရွှင်နေသ၍ ဒီအတိုင်း ဆက်လက် ဝတ်ဆင် နေအုံးမယ် လို့လည်း ယုံ ကြည်စွာနဲ့ မျှော်လင့်နေမိပါတယ်။Jasmine (Mckzone Daily)

Tags:

Add a Comment

Your email address will not be published. Required fields are marked *