ဆောင်းဦးလှိုင် နဲ့ ကျားပေါက်တို့ ရဲ့ ကြား က ရန်ပွဲ

ဆောင်းဦးလှိုင် နဲ့ ကျားပေါက်တို့ရဲ့ကြားက ရန်ပွဲ

လတ်တလောမှာ လူပြောများနေတေးသံရှင် ကျားပေါက်ရဲ့ NLD အောင်နိုင်ရေးအတွက်ကိုယ်တိုင်ရေးသား သီဆိုထားတဲ့ “ကြောက်ခေတ်” သီချင်းဟာ ဒီရက်ပိုင်း ဆိုရှယ်မီဒီယာမှာ အတော်လေး လူပြောများနေပါတယ် ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး တေးသံရှင် နီနီခင်ဇော်ရဲ့ “မျှော်လင့်ချက်တစ်စုံတစ်ရာ” သီချင်းကို ရေးသား ပေးခဲ့ဖူးသလို ကိုယ်တိုင်လည်း NLD အတွက် အောင်နိုင်ရေး သီချင်းအတွက် သီဆို ခဲ့တဲ့ တေးသံရှင် ဆောင်းဦးလှိုင်က သူ့ရဲ့ FB မှာ ကျားပေါက်ကို ရည်ရွယ်တယ်လို့ ယူဆရတဲ့ post တစ်ခုကိုရေး သားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကျားပေါက်ရဲ့ ဖခင်ဖြစ်တဲ့ တေးသံရှင် ရင်ဂိုကလည်း သားဖြစ်သူဘက်က ကာကွယ်ခဲ့ပြီး ဆောင်းဦးလှိုင်ကို မေးခွန်းထုတ်တဲ့ post တစ်ခုတင်ခဲ့ပါတယ်။

ဒါ့အပြင် ကျားပေါက်ရဲ့ ညီမ ဟန်နေလွင်လွင်ကလည်း အကိုဖြစ်သူဘက်နေရပ်တည်ပြီး သူမရဲ့ အကောင့်မှာလည်း ပို့စ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ နိုင်ငံကျော် အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ မောင်မောင်အေးကလည်း ဒီကိစ္စမှာကြားဝင်ဖြေရှင်းတဲ့အနေနဲ့ post တစ်ခုကို သူ့ရဲ့ အကောင့်မှာတင်ခဲ့တာ ထပ်မံတွေ့ရပြန်ပါတယ်။

ကျားပေါက်ရေ … အစ်ကို တခုပြောစရာရှိတယ်.. အားလည်းနာစရာမလိုဘူးနော် … ငြင်းလည်း နားလည်ပေးတယ်..” လို့ စကားခံပြီး ဖုန်းခေါ်ခဲ့ဖူးတယ်… ” ရတယ် အစ်ကို.. ဒီလူနဲ့ဒီလူ ဘာလုပ်ချင်လဲပြော ” ဆိုလို့ …အောင်နိုင်ရေးအတွက် ပဲခူးမှာ လိုက်ဆိုပေးလို့ရမလား ? ” လို့တခွန်းမေးလိုက်တာ … စဉ်းစားဦးမယ် ..တိုင်ပင်ဦးမယ်တောင် မတွေဝေဘဲ ” သိပ်ရတာပေါ့ ” ဆိုပြီး လိုက်ခဲ့တဲ့သူ….သူက ကိုယ့်အတွက်ကြောင့် ဒါမျိုးအောင်နိုင်ရေးပွဲမှာ လိုက်ခဲ့တာမဟုတ်သလို .. ကိုယ်ကလည်း ကိုယ့်ကိုယ်ကျိုးစီးပွားကြောင့် ဒီပွဲဖိတ်ခဲ့တာ မဟုတ်မှန်း အချင်းချင်းထုတ်ပြောစရာမလိုပဲ နားလည်သိ သိခဲ့ကြတာ…ကျေးဇူးတရားဆိုတာ တင်တတ်ရင် သိပ်မင်္ဂလာရှိတယ်…အခုသူ့ကို အပြစ်မြင်နေတဲ့ တေးရေးဆရာ ရဲ့ “ မျှော်လင့်ချက်တစုံတရာ “ သီချင်းဆိုလည်း အဲ့လိုဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အခုထိကျေးဇူးတင်လို့မဆုံးဘူး…

နောင်လည်း အဲ့သီချင်းအတွက်ကျေးဇူးတင်နေဦးမှာ…အဲ့ဒီလိုပဲ ကိုရွှေကျားရဲ့၂၀၁၅ က“ သိပ်ရတာပေါ့“တခွန်းရော အခု ၂၀၂၀“ ကြောက်ခေတ် “ အတွက်ရော ကိုယ်တွေမှာ ကျေးဇူးတင်လို့ကိုမဆုံးဘူး…” မင်းကဘယ်တုန်းက ဘယ်လောက်ပဲ နီခဲ့တာပါ”တို့… “မင်း နီတာ ငါ့ ခြေသန်းတံခါးညှပ်သလောက်တောင် မနီပါဘူး ” တို့ စတဲ့ ဟိုပေတံ ဒီပေတံတွေနဲ့ လိုက်တိုင်းနေတဲ့သူတွေ တွေ့တိုင်းလည်း ကျေးဇူးတင်မိပြန်ရော…

ငါ့မှာ အဲ့ဒီလို အတွေးအခေါ် ခံယူချက်တွေမရှိသင့်အောင် သင်ပြပေးတဲ့ သင်ဆရာတွေအဖြစ်နဲ့ပေါ့….အဲ့ဒီအကျိုးဆက်က အရာရာမှာ ငါ ဆိုတဲ့အတ္တအတွေးတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ချွန်းအုပ်ပေးနိုင်လာတယ်…ကိုယ့်ကို ပရဟိတ အရမ်းလုပ်တဲ့သူလို့ သူများတွေမြင်နေရင်

တကယ်တော့ငါဟာ တကယ်ပရဟိတလုပ်နေတဲ့သူတွေရဲ့ ခြေဖျားတောင် မမီသေးလို့ ပရဟိတသမားလို့လည်း မခေါ်ထိုက်တဲ့သူလို့ ခံယူလိုက်တဲ့ အခါမှာ ဘယ်သူ တွေက ဘယ်သူ တွေကို ဘယ်လိုကူညီနေတာဟာ ငါကူညီ နေတာလောက်တောင် မရှိပါလားဆိုတဲ့ ပေါတောတော နှိုင်းရစိတ်တွေ ဘယ်တော့မှ မဝင်လာ တော့ဘူး…

တကျပ်ဖိုး ပရဟိတလုပ်တဲ့သူဟာလည်း တကျပ်ဖိုးအလျောက် အ ကျိုးရှိတယ်.. တဆယ်ဖိုးလုပ်သူဟာလည်း တဆယ်ဖိုးစာအကျိုးရှိတယ်…ငါ တထောင်ဖိုးလုပ်လို့ တရာဖိုးသမားကို သွားနှိမ်စရာအ တွေးလည်း ဝင်စရာ မရှိ တော့ဘူး… တကယ်တော့ တသိန်းဖိုး တသန်းဖိုး လုပ်နေတဲ့ သူတွေ ကလည်း အများကြီးကိုး…အားလုံးက အများအတွက်နိုင်သလောက် ကောင်းတာတွေလုပ်သမျှဟာ ကျေး ဇူးတင်စရာတွေချည့်ကိုး…အရင်အာဏာရူးတွေခေတ်တုန်းက မင်းက ဘယ်လောက်လုပ်ခဲ့လို့လဲ “တို့… ” ငါကတော့ ဘယ်လောက်တောင်လုပ်ခဲ့တာ ” တို့… ” အခုခေတ်ကောင်းမှ လာလုပ်ပြမနေနဲ့

တို့ ဘာတို့ဆိုတာလည်း အပေါ်ကပြောခဲ့သလို ပေါကြောင်ကြောင်ပေတံတိုင်းနည်းမျိုးတွေပဲ….အဲ့တာကြောင့် ခုနောက်ပိုင်းနှစ်တွေမှာ အများအတွက် နိုင်ငံရေးရော ပရဟိတရော ကောင်းတာ မှန်တာ လုပ်သင့်တာတွေ လုပ်တာမှန်သမျှဟာ ငါကဘယ်လောက်ဖိုး သူကဘယ်လောက်ဖိုးဆိုပြီး လိုက်တိုင်းထွာနေစရာလိုအပ်တယ်လို့ထင်နေတဲ့ ဘယ်သူ့ကိုမဆို ရွံတတ် … ခပ်ခွာခွာနေတတ်လာတာကိုက လူဖြစ်ရကျိုးနပ်ခြင်းတရား လို့ခံယူရင်း FB ပေါ်မှာ ဉာဏ်အလင်းဖွင့် ဖွင့်ပေးနေတဲ့ တရုတ်မလင်လေးကိုလည်း ကျေးဇူးအ ထူးတင် လိုက် ရပါတယ် ဆိုပြီး ရေးသားခဲ့ တာပါ ။ လက် ရှိ မှာတော့ ဒီကိစ္စဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားမှု များနေတဲ့အကြောင်း အရာဖြစ်လို့ နေပါတယ်။credit

Add a Comment

Your email address will not be published. Required fields are marked *