သနားလို့ သရဲမှန်း မသိဘဲ အိမ်ပေါ် ခေါ်တင်ထားမိတဲ့ မင်္ဂလာဒုံက ဦးလေးကြီးရဲ့ ဖြစ်ရပ်

သနားလို့ သရဲမှန်း မသိဘဲ အိမ်ပေါ် ခေါ်တင်ထားမိတဲ့ မင်္ဂလာဒုံက ဦးလေးကြီးရဲ့ ဖြစ်ရပ်

မင်္ဂလာဒုံမှာနေတဲ့ မိသားစုတစု ကြုံတွေ့ရတဲ့ ပရလောကဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ၊ သူတို့မိသားစုနေတာက ဗဟိုနိုင်ငံရေးတိုက်လိုင်းမှာနေကြပါတယ်။

တစ်ရက် အန်တီကြီးနဲ့အန်ကယ်ကြီး အကြီးအကျယ်ရန်ဖြစ်ကြပြီး အိမ်ခွဲနေရာကနေ စပါတယ်။တရက် ညနေစောင်းတရက်မှာ အိမ်မှာခလေးတွေနဲ့ကျန်ခဲ့တဲ့ ယောက်ျားဖြစ်သူက သူငယ်ချင်းနဲ့ အတူ တူ အရက်သွားသောက်ကြပြီး ည 11 နာရီ၀န်းကျင်မှာ မူးပြီးအိမ်ကိုပြန်လာကြတယ်၊ တံတားတခုအနားအရောက်မှာ မိသားစုတစုကိုတွေ့ပါလေရော၊ စကားလာပြောတော့နားထောင်ပေးရတာပေါ့၊ သူတို့ကမိသားစုဖြစ်ကြောင်း အခုလောလောဆယ် နေစရာမရှိလို့ အကူအညီတောင်းအသနားခံကြတာဖြစ်ကြောင်း၊ နေစရာပေးဖို့ကူညီပေးပါလို့ ပြောလိုက်တဲ့အခါ၊ အန်တီကြီးအိမ်ပေါ်ကဆင်းပြီးအိမ်ခွဲနေလို့ စိတ်လည်းညစ် ကူလည်း ကူညီချင် မူလည်း မူးနေတဲ့ အန်ကယ်ကြီးက အေးလိုက်ခဲ့ အိမ်မှာ ငါတယောက်တည်း နေတာ နင်တို့မိသားစုနေချင်ရင်လိုက်ခဲ့ပေါ့ ဆိုပြီး ခေါ်လာခဲ့ပါလေရော သူနဲ့အတူ အရက်သောက် ပြန်လာတဲ့ သူတွေရဲ့ အမြင် မှာတော့ တစ် ယောက်တည်း မူးပြီး စကားတွေ ရပ်ပြော နေတာကို အဲ့ အချိန်မှာ သတိမထားမိကြပါဘူး သူတို့ ဘာသာသူတို့လည်း မူးနေကြတယ်။

တကယ်ကတော့ သူတို့ခေါ်လာခဲ့တဲ့ မိသားစုက ပရလောကသားတွေဆိုတာကို မူးနေတဲ့ သူ့သူငယ်ချင်း တွေကလည်း မသိရှာကြပါဘူး။ ကျန်တဲ့ သူငယ်ချင်း တွေက သူတို့အိမ် သူတို့ပြန် ၊ အန်ကယ်ကြီးလည်း ကိုယ့်အိမ်ဘက်ကိုယ် လမ်းခွဲပြန်၊ အိမ်ရှေ့ ရောက်လို့ အိမ်ထဲ၀င်ပါမယ် ဆိုမှ သူခေါ်လာတဲ့ ဒုက္ခသည် မိသားစုက မ၀င်ပဲရပ်နေကြလို့ ဟ ၀င်ကြလေဟ ဒါ ငါ့အိမ် နင်တို့ နေလို့ ရတယ်၀င်လေဆိုပြီး ခေါ်တော့သူတို့က အိမ်တွင်းစင်ရှိလို့ ၀င်မရဘူး အဲ့ဒါကိုဖြုတ်ပေး လို့ပြောပြန်တယ်။

အတော့်ကို မူးနေတဲ့ အန်ကယ်ကြီး ကလည်း တကယ်ကိုပဲ ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့ နင်တို့က လင်မယား တွေ ဆိုတော့ ငါတို့လင်မယားအိပ်တဲ့ အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့ အခန်းမှာ အိပ်ဆိုပြီး နေရာချ ကြိုက်သလို ချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်/မနက်မိုးလင်း အမူးပြေတော့ သူ့ဘာသာလည်း ဘာတွေလုပ်လို့ ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲ လောက်ကြာသွားပြီး၊ နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာကြာတာနဲ့ ပတ်၀န်းကျင်က သတင်း မေးရင်း သူတို့ အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်း သော့ခတ်ထား နေရင်းက အသံတွေ၊ စကားပြောသံ၊ ထမင်းဟင်းချက်သံ၊လူသံ၊ ခလေးသံ တွေကြားနေရတယ် ဆိုတဲ့ အကြောင်း အိမ်နီးနားချင်းတွေ ကပြန် ပြောကြတော့ သူ့မိန်းမလည်း ဘာမှန်း သေချာမသိလို့၊အိမ်ကိုရှင်း လင်းရင်းနဲ့ အပြင်ထုတ်ထားတဲ့ အိမ်တွင်းစင်ကို အသစ်မလုပ်ပဲ ဒီတိုင်းပဲ ပြန်တင် ထားလိုက်တယ်။

တရက်သားတော့ သူတို့ကိုးကွယ်တဲ့ ဆရာအိမ်လာတဲ့အချိန်မှာ အဲ့ဆရာက မပြန်ခင် မှာသွားတယ် နောက်နေ့ သူ့ဆီ လာခဲ့ဖို့၊ အရေး ကြီးတာပြောဖို့ရှိတဲ့အကြောင်း မှာခဲ့တယ်။ နောက်တနေ့ မိန်းမဖြစ်သူကသွားတော့ နင်တို့အိမ်ငါလာတုန်းက ခြံပေါက်၀မှာ လင်မယားနှစ်ယောက်နဲ့ တွေ့တယ် ၊ သူတို့က ပရလောက သားတွေ၊ နင့်ယော က်ျားခေါ်လာလို့ သူတို့နေနေတာလို့ ငါမနောနဲ့မေးတာကိုပြောတယ်တဲ့ ဒါနဲ့ပဲ လင်မယားနှစ်ယောက်ဆရာနဲ့တိုင်ပင်ပြီး ပရိတ်ရေတွေဖြန်း၊ တအိမ်လုံးကိုဖြန်း၊ လင်မယားအိပ်တဲ့အခန်း၊သားတွေအခန်းကိုဖြန်းတဲ့အချိန်မှာ သိသိသာသာကို ကြက်သီးတဖြန်းဖြန်း ထတာ ခံစားရ တယ်တဲ့၊ အိပ်ပြန် ရင်လည်း တဆစ်ဆစ်နဲ့ အသားတွေနာ ကျင်သလို ခံစားလာရတယ်တဲ့

ဒါ နဲ့ ဆ ရာ နဲ့ ဆက် တိုင် ပင်ပြီး တော့ သူ တို့ ကို သူ တို့ လာ တဲ့ နေ ရာ ကို ပြန်ပို့ ရ မယ် နေ ရာ ပြန် ချ ထား ရ မယ် ဆို ပြီး ဆ ရာ့ အ စီ အ မံ နဲ့ ပဲ တံ တား ရဲ့ တ ဖက် မှာ နေကြ ဆို ပြီး ပြန်ပို့ လိုက် ကြတယ် ( တံ တား ရဲ့ တ ခြား တဖက်မှာ တော့ မာန် ပြေ ရန် ပြေ ဘု ရား ရှိ ပါ တယ် )။ အဲ့ လိုနေရာ ချ ပေ ပြီး တဲ့ အ ချိန်မှာလည်း ထို ပ ရ လော က မိ သားစု က ငါ တို့ ဒီ တ ပတ် အ တွင်းမှာ လူ တ ယောက် လဲ ဖို့ ရှိတယ် လို့ ပြော ပြ တယ် တဲ့ဆ ရာ ဖြစ် သူ လည်း အန်ကယ် ကြီး ရဲ့ ဆိုင် ကယ် ကို သူ့ အိမ် ကို ဒီ တ ပတ် အ တွင်းလာ ပို့ ထား ပြီး အဲ့ ဒိ တံ တားဘက် ကို လည်း မိ သား စု မသွား ဖို့၊ အ ထူး သ ဖြင့် ကံ နိမ့်နေ တဲ့ အန် ကယ် ကြီး မသွား ဖို့ ကို အ တန် တန်မှာ ကြား စီ စဉ် ပေး ခဲ့ ရ ပါ တယ် သုံး ရက် မြောက်လောက် နေ့ အဲ့ မှာ မှာ ကောင် လေး တယောက်နဲ့ ကောင် မ လေး တယောက်စီး လာ တဲ့ ကား တိမ်း မှောက် ပြီး ကောင် မ လေး သေ ဆုံး သွား တဲ့ သ တင်း ကိုကြား သိ ခဲ့ ရ ပါ တယ်

မ င်္ဂ လာ ဒုံ နိုင် ငံ ရေး မှတ် တိုင် အ နီး မှာ ကား အက် ဆီး ဒင့်ဖြစ် လို့ မိန်း ခ လေး တ ယောက် သေ ဆုံး သွား တဲ့ သတင်း တ ပုဒ် နဲ့ အ သိ မိ သားစု ကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတခုရဲ့ဆက်စပ်မှုပါမူရင်းရေးသားသူ (လေးစားမှုဖြင့်ခရက်ဒစ်)

Tags: