“Fighting အကို ကျမတို့အတွက် ထာဝရချန်ပီယံက အကိုပဲ ”လို့ဆိုကာ အောင်လအန်ဆန်းကို အားပေးစကားပြောခဲ့တဲ့ ပိုးကြာဖြူခင်

“Fighting အကို ကျမတို့အတွက် ထာဝရချန်ပီယံက အကိုပဲ ”လို့ဆိုကာ အောင်လအန်ဆန်းကို အားပေးစကားပြောခဲ့တဲ့ ပိုးကြာဖြူခင်

MRTV 4ရဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင် ကတော့ ပရိတ်သတ် အခိုင် အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ “မိုးကောင်းကင်အိမ်က်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာ ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုင်းမိုင်လေးဟာ ဒီ ဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။ အောင်မြင် လာတာနဲ့ အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ် တွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင်ခဲ့ရ ပါတယ်။

ခုလတ်တလောမှာတော့ ကြော်ငြာ ရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင် နေတာကို တွေ့ရ ပါတယ်။ မကြာသေးခင် ကမှလည်း “အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်” ကြော်ငြာလေးကို ရိုက်ကူး ပြီးစီးခဲ့ပါတယ်။

မြန်မာ ဖက်ရှင်လေး တွေနဲ့ လိုက်ဖက် လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံ ကြော်ငြာလေးတွေ မှာလည်း အမြဲ တွေ့ရ ပါတယ်။ခုတစ်ခါမှာတော့ ပိုးကြာဖြူခင်က “Fighting အကို❤️ ကျမတို့အတွက် ထာဝရချန်ပီယံက အကိုပဲ 💪🏻”လို့ဆိုကာ အောင်လအန်ဆန်းကို အားပေးစကား ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ကဲ ပရိတ်သတ်ကြီး တို့ရေ မြန်မာပြည်သား အားလုံးရဲ့ ရင်ထဲက အောင်လအန်ဆန်ကို အားပေးစကားလေးတွေ ပြောပေးသွားကြပါအုံးနော်။Source; Poe Kyar Phyu Khin