သီတင်းကျွတ်မှာ မမေ့မလျော့လာကန်တော့ကြတဲ့ ဝမ်းမနာသား ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်ကြောင့် ဝမ်းသာပီတိဖြစ်နေရတဲ့ ဝါဝါအောင်

သီတင်းကျွတ်မှာ မမေ့မလျော့လာကန်တော့ကြတဲ့ ဝမ်းမနာသား ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်ကြောင့် ဝမ်းသာပီတိဖြစ်နေရတဲ့ ဝါဝါအောင်

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝါဝါအောင်က ရုပ်ရှင်ဇာတ်ကား တစ်ခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ဇာတ်ပို့ပေးသူအဖြစ် ရပ်တည် လာတာ နှစ်ပေါင်း အတော် ကြာမြင့် ပြီပဲ ဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်အပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ဝါဝါအောင်က အကယ်ဒမီဆုကြီး တစ်ဆုကိုလည်း လက်ဝယ်ပိုင် ဆိုင်ထားလျက် ရှိပါတယ်။

ဝါရင့် သမ္ဘာရင့် သရုပ်ဆောင် တစ်ယောက် ပီပီ သရုပ်ဆောင်ငယ်လေးတွေ အပေါ်လည်း သွန်သင် ပြသပေးလေ့ရှိတဲ့ ဝါဝါအောင်ကို အနုပညာရှင်ငယ်လေးတွေ ကလည်း ကိုယ့်မိခင်လို အဒေါ်လို ချစ်ကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာလည်း MRTV 4 မင်းသားချောတွေ ဖြစ်ကြတဲ့ ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်တို့ နှစ်ယောက်က ဝါဝါအောင်တို့ ဇနီးမောင်နှံနှစ်ယောက်ကို မမေ့ မလျော့နဲ့ သီတင်းကျွတ်ကန်တော့ခဲ့ပါတယ်။ ဝါဝါအောင်က “သီတင်းကျွတ်မှာ လာကန်တော့ကြတဲ့သားတွေကို ကျေးဇူးတင်ပါတယ် ကျန်းမာချမ်းသာပြီး ကပ်ကြီး ၃ ပါးမှကျော်လွှားနိုင်ပါစေ။ မမျှော်လင့်ထားဘူး။ အရမ်းကိုကြည်နူးဝမ်းသာရပါတယ်” ဆိုပြီး ပီတိဖြစ်နေကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြထားပါတယ်။

ဝါဝါအောင်ကတော့ ဝမ်းမနာသားတွေဖြစ်ကြတဲ့ ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်ရဲ့ မမျှော်လင့်ထားတဲ့ အပြုအမူကြောင့် ဝမ်းသာပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။လူကြီး၊ မိဘ၊ ဆရာသမားကို သိတတ်တဲ့ ကျော်ထက်ဇော်နဲ့ ဘုန်းရှိန်ခန့်တို့နှစ်ယောက်လည်း ဒီထက်မက အောင်မြင်ပြီး ပြည်သူချစ် အနုပညာရှင်ကြီးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Wahwah Aung’s fb