ကိုဗစ်လူနာတွေအတွက် အင်းယားစင်တာမှာ သိန်း(၅၀)လှူဒါန်းခဲ့တဲ့ လေးဖြူ၊ မျိုးကြီးနဲ့ Iron Cross အဖွဲ့သားများ

ကိုဗစ်လူနာတွေအတွက် အင်းယားစင်တာမှာ သိန်း(၅၀)လှူဒါန်းခဲ့တဲ့ လေးဖြူ၊ မျိုးကြီးနဲ့ Iron Cross အဖွဲ့သားများ

ပရိသတ်ကြီးရေ.. ဆယ်စုနှစ်တွေ မက အမိုက်စား သီချင်းကောင်းတွေများစွာနဲ့ ပရိသတ်တွေရင်ကို လှုပ်ခတ်စေခဲ့ကြသူတွေကတော့ နိုင်ငံကျော် ရော့ခ် အဆိုတော်တွေ ဖြစ်ကြတဲ့ လေးဖြူ ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ပဲ ဖြစ်ပါတယ်နော်..။

ထွက်ရှိသမျှ သီချင်းတိုင်းက ပရိသတ်တွေကို အကြိုက် တွေ့စေခဲ့တဲ့ Iron Cross အဖွဲ့ဟာ ယနေ့ အချိန်အထိ အောင်မြင်နေဆဲ Music Band တစ်ခုလည်း ဖြစ်ပါတယ်နော်..။

ထူးချွန်ပြောင်မြောက်တဲ့ အသံပါဝါတွေနဲ့ သီချင်းကောင်းလေးတွေကြောင့်ဂီတလောကမှာ ထိပ်တန်းကနေ အောင်မြင်နေပြီး ပရိသတ်တွေအပြင် အနုပညာရှင်တွေ ကပါ လေးစား ချစ်ခင်ကြတဲ့ သူတို့အဖွဲ့ကတော့ လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြ ပါတယ်..။

Covid လူနာတွေ အတွက် အင်းယား စင်တာမှာ အလှူငွေတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကာ တစ်ဖက်တစ်လမ်းက အားဖြည့်ပါဝင်ကူညီလှူဒါန်းခဲ့ကြပါတယ်နော်..။

လေးဖြူ၊ မျိုးကြီးနဲ့ Iron Cross မိသားစုဟာ အင်းယားစင်တာမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် (၂) ရက်စာ အဟာရဒါနအဖြစ် ကျပ်သိန်း (၅၀)ကို အင်းယားစင်တာManagement Committeeမှာ သွား ရောက်လှူဒါန်းခဲ့ကြတာပါ..။

အခုလို Covid ကပ်ရောဂါ အတွက် အလှူငွေတွေ လှူဒါန်းရင်း အမှတ်တရလက်မှတ်များ ရေးထိုးခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် တင်ဆက် ပေးလိုက် ပါတယ်နော်..။Source: Inya Centre’s Fb Page