အသက် (၅၁) နှစ်အရွယ် မိခင်က သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့

သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ အသက် (၅၁) နှစ်အရွယ် မိခင်

အီလီနွိုင်းပြည်နယ်က အသက် (၅၁) နှစ်အရွယ် မိခင်တစ်ဦးဟာ သူ့သမီးကိုယ်စား ကိုယ်ဝန်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အ ခုဆိုရင် အငှား ကိုယ်ဝန်အနေနဲ့ ကိုယ်ဝန်လွယ်ထားရတာ (၉) လနီးပါးရှိနေပါပြီ။ ဂျူလီယာ လက်ဗီက သူ့သမီး ဘရီရန်နာ လော့ခ်ဝုအတွက် ကိုယ်ဝန် အငှား ဆောင်ပေးရတာက သူ့အတွက် လက် ဆောင်တစ်ခု ပေးရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ခဏခဏ ကိုယ်ဝန် ပျက်ကျခဲ့တဲ့လော့ခ်ဝုနဲ့ သူ့ခင်ပွန်း တို့ကိုကိုယ် စားကိုယ်ဝန်ဆောင်ပေးဖို့ တစ်ယောက်ယောက် ရှာရမယ်လို့ ဆရာ ဝန်တွေက ပြောခဲ့ပါတယ်။ အဲဒါနဲ့ လော့ခ်ဝုရဲ့မိခင်က ကိုယ်ဝန်အငှားဆောင်ပေးဖို့ အတွက်တောင် လုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့အစက လော့ခ်ဝုဟာသူ့မိခင်ကို သူ့ကိုယ်စားကိုယ်ဝန်ဆောင်ခိုင်းဖို့ မသေချာခဲ့ပါဘူး။ “ကျွန်မ အမေ့ကို မလုပ်ဖို့ ပြောပါတယ်။ အမေ စိတ်ကူး ပြောင်းသွားအောင် မကြာ မကြာ ပြောပါတယ်။

အမေ့ အသက်အရွယ်နဲ့ ဖြစ်နိုင်မယ် ကျွန်မ မထင်ခဲ့ လို့ပါ။ အမေက သွေးဆုံးနေပြီ ဆိုတော့”လို့ လော့ခ်ဝုက ပြောပါတယ်။ဒါပေမဲ့ လက်ဗီကို ကိုယ်ဝန်အငှားဆောင်ဖို့ ဆေးစစ်ချက်မျိုးစုံလုပ်ပြီးတဲ့နောက်မှာ လက်ဗီက ကိုယ်ဝန် အငှားဆောင်ဖို့ သင့်တော်တယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

လော့ခ်ဝုက မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အတွက် ဆရာဝန်တွေဆီက အခုလို ကြားလိုက် ရတော့ ဝမ်းသာမိခဲ့ ပါတယ် ။ လက်ဗီက အသက် ၅၁ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့တာပါ။ “ကျွန်မ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုးမရှိပါဘူး။ ကျွန်မ ကျန်းမာသန်စွမ်းတယ်။အဲဒါကြောင့်မို့ ကိုယ်ဝန် အငှား ဆောင်နိုင်မယ်လို့ တွေးခဲ့ တာပါ။

ကျွန်မအသက် (၂၀) အရွယ်တုန်းကထက် ပိုပြီး ကျန်းမာပါတယ်။ ဒါကြောင့် မစိုးရိမ်ခဲ့ပါဘူး” လို့ လက်ဗီက ပြောပါတယ်။လက်ဗီက ဘော်စဘွန်မာရသွန် အပြေးသမားလည်းဖြစ် ပါတယ်။

သူက ကလေး(၂)ယောက်ရှိပြီး သူ့သမီးလော့ခ်ဝုအတွက် ကလေးရဖို့က ဘယ်လောက် အရေးကြီးလဲ ဆိုတာကို သိတဲ့ အတွက် သူ့သမီးကိုယ်စား နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်မယ်ဆိုတာ သေချာခဲ့တာပါ။ မမျိုးဥနဲ့ သုက်ပိုးကို ပေါင်းစပ်ပြီး မျိုးအောင်ထားတဲ့ In Vitro Fertilization (ဖန်ပြွန် သန္ဓေသား) ဖြစ်စဉ်အရကြည့်မယ်ဆိုရင် လက်ဗီ လွယ်ထားရတဲ့ ကလေးက လော့ခ်ဝုနဲ့ သူ့ရဲ့ခင်ပွန်းတို့ရဲ့ကလေးပါပဲ။

လက်ဗီက ကိုယ်ဝန် ဆောင်ပေးတာ အပြင် ကလေးနဲ့ ပတ်သက်ဆက်နွယ်မှုကတော့ အဘွားအနေနဲ့ပါပဲ။လက်ဗီက သူ့သမီးကိုယ် စား ကိုယ်ဝန် ဆောင်ပေးနေတာကို သူ့ရဲ့အင်စတာဂရမ်မှာ မျှဝေပေးနေပါတယ်။

သူ့သမီးလို ဖြစ်ရပ်မျိုး ကြုံတွေ့နေရတဲ့ အခြား အမျိုးသမီးတွေနဲ့ အဆက်အသွယ် ရနိုင်ဖို့ မျှော်လင့် နေပါတယ် ။ “လိုလျှင်ကြံဆ၊ နည်းလမ်းရတဲ့။ IVF နဲ့ ကလေးယူမလား၊ အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး ယူမလား၊ ကလေးမွေးစားမလား အမျိုးမျိုးရှိပါတယ်” လို့ လက်ဗီက ဆိုပါတယ်။

လော့ခ်ဝုရဲ့ သမီးလေးကို လက်ဗီက နိုဝင်ဘာလမှာ မွေးဖွားပေးမှာဖြစ်ပါတယ်။ မွေးဖွားပြီးတဲ့ အထိ ကလေးက သူ့အဘွား လက်ဗီနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။source: dailyci news

Tags: