လူပျိုကြီးဖြစ်ရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ ဇော်ဇော်အောင်

လူပျိုကြီးဖြစ်ရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ ဇော်ဇော်အောင်

ရွယ်တူ အချစ်ဆုံး သူငယ်ချင်းက မိသားစု ဘဝ ရှိနေချိန်မှာ ဇော်ဇော်အောင် ကအခုထိ အိမ်ထောင်မကျသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ ဖြတ်သန်း နေပါတယ်။အနုပညာလောကထဲမှာ နှစ်(၂၀)ကျော်အကြာခင်မင်လာခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဇေယျာအောင်က ကိုယ်ပိုင်မိသားစုဘဝလေးရှိနေပမဲ့ သူ့မှာတော့ အချစ်ရေး ကံခေလွန်းတာကြောင့် တစ်ကိုယ်တည်းသမား ဘဝ ဖြစ်နေတယ်လို့ ဇော််ဇော်အောင်က ပြောပြလာပါတယ်။

“ သူ (ဇေယျာအောင်) ကတော့ အခု နောက်ပိုင်း ဖြူဖြူ နဲ့ အိမ် ထောင်ကျပြီးတော့ ကလေးတွေ မွေးတာလေ ကျွန်တော့်ကို ရွဲ့ပြီး မွေးသလား မှတ်ရတယ် သမီး (၃) ယောက်ရှိပြီ ။ ကျွန်တော်က သူငယ်ချင်းရဲ့ သမီးတွေကို စောင့်နေတာလေ၊ စတာပါ။ကျွန်တော်ကတော့ ကြံလိုက်တိုင်း သူများနောက် ပါသွား သူတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ်က အတည်တွေချည်းပါပဲ။ အတည်ပါလို့ ပြောတာတောင် နောက်တာလို့ထင်ပြီး သူများနောက်ပါသွားတာချည်းပါပဲ။ အမှတ်တရပေါ့ဗျာ” လို့ ပြောခဲ့ပါတယ်။

ဇော်ဇော်အောင်ဟာ ဇေယျာအောင် အိမ်ထောင်မကျခင်အချိန်တုန်းက သူငယ်ချင်းနှစ်ယောက် အတူတကွ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို သတိတရရှိနေသေးတာပါ။“ ဇေယျာအောင် နဲ့ ကျွန်တော် ပေါင်းလာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅) နှစ်လောက်ကတည်းကပါ။ ဇေယျာအောင်ရယ်၊ ဇော်ဇော်အောင်ရယ် ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ဂျစ်ကားလေးတစ်စီးနဲ့ လျှောက်သွားတယ်၊ ကားမရှိလည်း ဘတ်စ်ကားစီးရင်စီး မစီးရင် လမ်းလျှောက်ခဲ့ကြတဲ့ အမှတ်တရတွေ အများကြီးပါ။

ပီဇာဆိုတာ ဇေယျာအောင် ကျွေးမှ ကျွန်တော် စားခဲ့ဖူးတာ” လို့ သူက ဆိုပါတယ်။  ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုကာရိုက်တာမဆိုအကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ဇော်ဇော်အောင်ရဲ့အနုပညာသက်တမ်းဟာ အခုဆိုရင် နှစ် ၂၀ ကျော် လွန်နေပါပြီ။

သူဟာ ပါဝင်သရုပ်ဆောင် ရတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ရယ်စရာ ဆိုလည်း ရယ်ရအောင် ၊ ငိုစရာဆိုလည်း ငိုရအောင် ဇာတ်ရုပ် အမျိုးမျိုးနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။source:duwun cele yatkwat