စိန်ပွင့်ပေါင်း ၇၈၀၁ လုံး စီခြယ်ပါဝင်သည့် ကမ္ဘာ့စိန်ပွင့်အများဆုံး လက်စွပ်

စိန်ပွင့်ပေါင်း ၇၈၀၁ လုံး စီခြယ်ပါဝင်သည့် ကမ္ဘာ့စိန်ပွင့်အများဆုံး လက်စွပ်

အိန္ဒိယနိုင်ငံ က Hallmark Jew-ellers ရတနာဆိုင်ရဲ့ တည်ထောင်သူ လက်ဝတ် ရတနာ ဒီဇိုင်နာ ကော့တီစရီကန့် က စိန် ပွင့်ပေါင်း ၇၀၈၁ လုံး စီခြယ်ပါဝင် တဲ့ စိန်လက်စွပ် တစ်ကွင်းကို ဒီ ဇိုင်းဖန်တီး ပြုလုပ် ထားခဲ့ပါတယ်။

လက်စွပ်တစ်ကွင်း တည်းမှာတင် စိန်ပွင့်အများဆုံး စီခြယ်ပါ ဝင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ပွင့်ချပ်လေးတွေထပ်ထားတဲ့ ပန်း ပွင့်ပုံစံ လက်စွပ် ဒီဇိုင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံ ရဲ့ ရိုးရာယဉ် ကျေးမှုဟန် ပန်းပွင့် ဒီဇိုင်းကို မှီငြမ်းကာ ဖန်တီး ထားတာလို့ ဆိုပါတယ်။

အိန္ဒိယမှာ နတ်ဘုရား တွေကို ပန်းကုံးတွေ၊ ပန်းတွေ ဆက်သတဲ့ယဉ်ကျေးမှု ဓလေ့က လွှမ်းမိုးနေတာ ဖြစ်ပြီး ပန်းပွင့် ဆိုတာက ဖြူစင်မှု သဘောသဘာဝကို လှစ်ဟပြသ နေတဲ့ အမှတ်အသားလည်းဖြစ်တယ်လို့ ကော့တီက ဆိုပါတယ်။

ဒီလက်စွပ်ဒီဇိုင်း စဆွဲတာကနေ လက်စွပ် တစ်ကွင်းလုံး ပြီးစီးတဲ့အထိ ၄၅ ရက်ကြာ ပြုလုပ် ခဲ့ကြရ တယ်လို့ ကော့တီက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ပြီးစီးခဲ့တာဖြစ်ပေမယ့် လက်စွပ်နဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံ မွမ်းမံမှု အဆင့်တွေ အတွက်ကိုတော့ ၁၀ လကျော်ကြာမြင့်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

လက်စွပ်နဲ့အံဝင်ခွင်ကျဖြစ်စေမယ့် စိန်ပွင့်တွေကို ရွေးချယ်ဝယ်ယူဖို့ကအစ အသေးစိတ် စီမံဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လမှာ အချောသတ် ပြီးစီး သွားခဲ့တယ်လို့ ကော့တီက ဆို ပါတယ်။ လက်စွပ်ရဲ့တန်ကြေးက ရူပီး ၁၉၀၇၉၈၁ (ဒေါ်လာ ၂၅၈၉၈.၅) ရှိတယ် လို့ သိရပါတယ်။ credit: pyi myanmar

Tags: