ဂျာမနီ နိုင်ငံမှာ ရှိတဲ့ ပြတိုက် တစ်ခုမှာ မြန်မာ တို့ရဲ့ယဉ်ကျေးမှု နဲ့ စေတီ ပုထိုးဘုရား များကို တန်ဖိုးထား ဖော်ပြထားမှု

ဂျာမနီ နိုင်ငံမှာ ရှိတဲ့ ပြတိုက် တစ်ခုမှာ မြန်မာ တို့ရဲ့ယဉ်ကျေးမှု နဲ့ စေတီ ပုထိုးဘုရား များကို တန်ဖိုးထား ဖော်ပြထားမှု

ဂျာမနီနိုင်ငံမှာ ရှိတဲ့ပြတိုက် တစ်ခုတွင် မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့စေတီပုထိုးများကို တန်ဖိုးထား ဖော်ပြထား ပါတယ်။ထိုအကြောင်းကို ဆရာဦးသက်ဆွေက ယခု ကဲ့သို့ပြောကြား ထားပါတယ်။

ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေ တဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့တယ်။

ခင်းကျင်း ပြသထားတာ အတော်လေး အတုယူဖို့ကောင်းပါတယ်။ Textile ပက်သက်တဲ့ ပြခန်းမှာ ဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်းခတ်သံ ကြားရအောင်လုပ်ပေး ထားတယ်။

ရုပ်သေးရုပ် ပြခန်း ဆိုရင် ရုပ်သေးရုပ် ကတဲ့ အခါ ရုပ်သေးရုပ်က လေးတွေရဲ့ခြေထောက်နဲ့ ကြမ်းပြင် ထိသံလေးတွေ ကြားရအောင် လုပ်ပေးထားတယ်။ ပြထားတဲ့ ရုပ်သေးရုပ် တွေက တကယ့်ကို အ ဟောင်းတွေ ဖြစ်တဲ့ အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထား နိူင်တာ အံဩစရာပါ။

ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ။ အရုပ်က ကြီးပြီးမှန် ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ် ကြုံမှပဲ post တင်ပေးပါ့မယ် ကျွန်တော့ အထင် မမှားဘူးဆိုရင် ပုဂံ ခေါတ်နှောင်ပိုင်း လက်ရာတွေ ဖြစ်ဖို့များတယ်။

အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေး တွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု့အကြောင်းကို သူတို့ကလေး တွေကို လေ့လာစေတာပါ။ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင် လည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်။ တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။

အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါဟု ပြောကြားထား ပါတယ်။ အဲ့ဒါကြောင့်လူကြီးမိဘများအနေနဲ့ ကိုယ့်သား သမီးတွေကို အသိညာဏ် ဗဟုသုတ များများရ အောင် လုပ်ပေးသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။Source: History of Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *