ဆိုင်တစ်ခုလုံး မှောင်နေပြီး စာအုပ်များသာမီးလင်းနေသည့်စာအုပ်ဆိုင်

ဆိုင်တစ်ခုလုံး မှောင်နေပြီး စာအုပ်များသာမီးလင်းနေသည့်စာအုပ်ဆိုင်

ဆိုင်တစ်ခုလုံး မှောင်နေပြီး စာအုပ်များသာမီးလင်းနေသည့်စာအုပ်ဆိုင် ထိုင်ဝမ်မှာရှိတဲ့ စာအုပ်ဆိုင် တစ်ဆိုင်မှာ တစ်ဆိုင်လုံး မှောင်ပိတ်နေပြီး စာအုပ်တွေ နားမှာ သာလျှင် မီးအလင်းရောင်ပေးထား တာကြောင့် လူစိတ်ဝင်စားမှုများနေတယ် လို့ သိရပါတယ်။

Wuguan Bookstore စာအုပ် ဆိုင်မှာ စာဖတ်သူတွေအ နေနဲ့ စာအုပ် နားက အလင်းရောင်နား မှာသာ စာဖတ်လို့ ရတာ ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့ပစ် ထားပြီး စာကိုသာအာ ရုံစိုက် ဖတ်နိုင်အောင် ရည်ရွယ် လုပ်ဆောင် ပေးထားတာ ဖြစ်ပါတယ်။

ငယ်စဉ် ကလေးဘဝမှာ စာအုပ်ဆိုင် ကနေ စာအုပ် ငှားဖတ်တဲ့က လေးတွေဟာ မိဘတွေ သိမှာ စိုးတဲ့အတွက် အခန်း မီးပိတ်ပြီး စောင်အောက်မှာ ဖုန်းမီး ရောင်လေးနဲ့သာ ဖတ်လေ့ ရှိကြပါတယ်။

ဒီလိုစိတ်ကူးကို ပြန်လည်ပုံဖော်ပြီး Wuguan Bookstore စာအုပ်ဆိုင်ကို ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်မှာ မီးအမှောင် ချပြီး ဖွင့်လှစ် ထားတဲ့ ပထမဆုံး စာအုပ်ဆိုင် ဖြစ်ပြီး ပြည်ပက ပ ညာရှင်တွေက ချီးကျူး ခဲ့ကြပါတယ်။

စာအုပ်ဆိုင်အတွက် လျှပ်စစ်မီး ကုန်ကျစရိတ် သက်သာသလို စာ ဖတ်သူတွေ ကလည်း အလင်းရောင်ရှိတဲ့ နေရာမှာ စိတ်အေးလက်အေး စာဖတ်နိုင် တာကြောင့် သဘောကျကြတဲ့ အတွက် အလား အလာ ကောင်းတဲ့ စာအုပ်ဆိုင် အဖြစ် မှတ်ချက်ပေးခံထားရတယ်လို့ သိရပါ တယ်။credit :Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *