သစ္စာ မရှိသော သူများ လုံး၀ ဖူးမြှော်ခွင့်မရှိတဲ့ တန် ခိုးကြီး မုလအိ ဘုရား အကြောင်း

သစ္စာမရှိ ဖောက်ပြန်ထားသောသူများ လုံး၀ဖူးမြှော်ခွင့်မရှိတဲ့ တန်ခိုးကြီးဘုရားအကြောင်း

ပရိသတ်ကြီးရေ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့” ဆိုတာ ကြားဖူးမှာပါနော်…ဒီစကား အလကားထားခဲ့တာမဟုတ်ပါဘူး ဘယ်နေရာ ဘယ်ဒေသ သွားသွား သက်ဆိုင်ရာ ဒေသတွေမှာ ချမှတ်ထားတဲ့ အယူ စည်းကမ်းတွေကို ဖောက်ဖျက်လို့ မရ ပါဘူး ….ဖောက်ဖျက်ရင် အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့ နိုင်ပါတယ် ဒီအ ကြောင်းလေးနဲ့ ပတ်သက်ပြီး မုလအိ ဘုရားရဲ့ ထူးခြားဆန်းကြယ်ပုံတွေကို လူမှုကွန်ရက် စာမျက်နှာမှာ ခုလို ဖော်ပြ ထားပါတယ်။

“မုလအိ ဘုရားရှိရာ တောင်ပေါ်ကအဆင်းမှာ ကားဘရိတ် ပေါက်ပြီးသေဆုံးတဲ့ နာရေးသတင်းကြားရလို့ စိတ်မကောင်းပါဘူး။ သေ ဆုံးသူ အကြောင်းလည်း သေချာ အတိ အကျသိပ် မသိပေမယ့် မုလအိ ဘုရားနဲ့ ပတ်သက်ပြီး သိထား သင့်စရာ သတိ ထားစရာ အ ချက်တွေ ရှိပါတယ်။

တည်ထားခဲ့ သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆို ခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေ တဆင့်ပြောပြ သတိပေးထား ပါတယ်။ ဘုရားရှိရာတောင်နဲ့ အနီးပါတ်ဝန်းကျင် နေရာများအားလုံးမှာ “တောပြစ် သားကောင်မပြစ်ရ။” ဘုရားရှိရာ တောင်အနီး ပါတ်ဝန်းကျင် တဝိုက်မှာ တောအရမ်းနက် ပါတယ်။

တောမပစ်ရန် သားကောင်တွေ့သမျှ မပစ်ရန် အလှည့်ကျ ကျောင်းထိုင်ပေးသော ဆရာတော်များက အမြဲသတိပေးပါတယ်။ သစ်ပင်များလည်း မခုတ်ရပါ ။ တော အရမ်းနက် သဖြင့် ရံဖန်ရံခါတောင် ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်။“ဘုရားရှိရာ တောင်ပေါ် တက်ရင် တောင် အလယ် ယာဉ် ရပ်နား စခန်း ခရီးတဝက်မှာ ကိုယ်ခန္ဓာ သန့်ရှင်း စင်ကြယ်သွားအောင် ရေချိုးရပါမယ်။”

အမျိုးသမီးများ လစဉ် ဓမ္မတာ လာနေလျှင် တောင်ပေါ် မတက်ရပါ။အဝတ်အစား အတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ။“ဘုရားရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။ တောင်ပေါ်  စခန်းနားနေရာ တွေမှာ အတူ မအိပ်ရပါ။”

“ဘုရားရှိရာ တောင်ပေါ်ကို တက်နေစဉ် ဘုရား ဖူးနေစဉ် စကားကြမ်းကြမ်း မပြောရပါ။ ဆဲတာ ဆိုတာ နိမိတ်မရှိသော စကားများ မပြောဆို ရပါ။”

“သစ္စာမရှိ ဖောက်ပြန် ထားသောသူများ ဘုရားရှိရာ တောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေ မှာင်လာပြီး မိုးကြိုးတွေပစ်ချ ဖူးသော အကြောင်း ကိစ္စ များလည်း ရှိခဲ့ ဖူးပါသည်။

“အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝ ကျူးကျော် ဝင်ဖူး၍ မရပါ။” မုလအိဘုရားရှိရာ တောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက် ပေးသော ဆ ရာတော်ကြီးများ ကလည်း အထူး သတိပေး ထားတာမို့ မုလအိဘု ရားသည် သာမန် ဘုရား မဟုတ် တောနက် ထဲက နတ်ကြီးသော ဘုရားဖြစ်တာမို့ အလည်အပါတ် အပျော် သဘောမျိုးဖြင့် မသွားသင့် သည်ကို သတိထား ရပါမည်နော်။”

ဆိုပြီး ရေးသားထားတာပါ ဒါကြောင့် ပရိသတ်ကြီး တို့လည်း ဘု ရားဖူးသွားမယ်ဆို ရှောင်ရမယ့်အချက်လေးတွေကို သတိထားကြပါနော်…အားလုံးကျန်းမာချမ်းသာကြပါစေ…