ငွေ အ တုများရောင်းချသည် ဟူ၍ အွန်လိုင်း မှတစ်ဆင့် ငွေကြေးလိမ်လည်သူနှစ်ဦးကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းမိ

ငွေအတုများရောင်းချသည်ဟူ၍ Online မှတစ်ဆင့် ငွေကြေးလိမ်လည်သူနှစ်ဦးကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းမိ

“ငွေအတုသည်” Account ဖြင့် ငွေစက္ကူ အတုများ ရောင်းချသည်ဟူ၍ Online အသုံးပြု ငွေကြေး လိမ်လည်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေး ယူလိုက်သည့် ဖြစ်စဉ် မကွေးတိုင်း၊ စလင်းမြို့၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်” အကောင့်မှ “ငွေအတု ဝယ်လိုသော မိတ်ဆွေများ ဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြ ထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင် ယူ၍ အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ် စုံစမ်း မေး မြန်းခဲ့သည်။

အဆိုပါအကောင့်မှ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့ Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်း ပြောကြားသဖြင့် အောက်တိုဘာလ ၂၄ ရက်၊ နေ့လယ်၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့ဘက်က ညှိနှိုင်း ပြောဆို ငွေလွှဲ ပေးခဲ့ပြီး စောင့်ကြည့်နေခဲ့သည်။

ထိုသို့ ငွေထုတ်ယူမှုကို စုံစမ်းစောင့်ကြည့်ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိဖုန်းရောင်း/ဝယ်နှင့် Wave Money လုပ်ငန်း လုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ အမျိုးသား ၂ ဦးတို့က ရဲတပ်ဖွဲ့ လွဲပေး လိုက်သည့် ငွေ ၁ သိန်းကိုထုတ်ယူသွားကြောင်း စုံစမ်းသိရှိသွားခဲ့သည်။

၎င်းတို့နှစ်ဦးမှာ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့်ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ ဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် နေအိမ်များသို့ ဝင်ရောက် ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Money လက်ခံထားသည့်Message များနှင့် “ငွေအတုသည်” Facebook အကောင့် အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီး ရမိသူ ၂ ဦး၏ နေအိမ် များတွင် ငွေစက္ကူ အတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ ၎င်းတို့သည် “ငွေအတုသည်”အကောင့်ဖြင့် Onlineမှတစ်ဆင့် ငွေတုများရောင်း ချသည်ဟုလိမ်လည်ပြောဆို၍ ငွေကြေးလိမ်ယူသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ပြည်သူလူထုအခက်အခဲအပေါ် အခွင့်ကောင်း ယူကာ ပြည်သူများ၏ငွေကြေးကိုလိမ်လည်ရယူနေသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ် နိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ခဲ့ပြီး ပြည်သူ လူထုအတွင်း သတိပြု ဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများဖောင်းပွမှု မရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ် စေရေးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကလည်း စောင့်ကြည့် သတင်း ရယူ ကြိုတင်ထိန်းချုပ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က အသိ ပေးသတင်းထုတ်ပြန်ထားသည်။Credit :အကုန်သိ

Tags: