ဖုန်း မဝယ်ပေးနိုင်လို့ ဆိုပြီး သမီးဖြစ်သူရဲ့ စိတ်ဆိုး ဒေါသထွက်တာကိုခံခဲ့ရပြီး စိတ် ဓာတ်ကျကာ အ ဆုံးစီ ရင်ခဲ့တဲ့ ဖခင်

ဖုန်း မဝယ်ပေးနိုင်လို့ ဆိုပြီး သမီးဖြစ်သူရဲ့ စိတ်ဆိုး ဒေါသထွက်တာကိုခံခဲ့ရပြီး စိတ်ဓာတ်ကျကာ အဆုံးစီရင်ခဲ့တဲ့ ဖခင်

အိန္နိယနိုင်ငံ ၊ Tripura ပြည်နယ်မှာ နေထိုင်တဲ့ အသက် 50 အရွယ် အမျိုးသားဟာ သူ၏ သမီးဖြစ်သူ လိုအပ်တဲ့ ဖုန်းပုံစံမျိုးနဲ့လွှဲမှားပြီး ဖုန်းဝယ်လာ မိခဲ့လို့ ဆိုပြီး စိတ် မချမ်းမသာ ဖြစ်ကာ ကိုယ့်ကို အဆုံး စီရင် သွားခဲ့ပါတယ် ။

သတင်းအရ သမီးဖြစ်သူဟာ 10 တန်း ကျောင်းသူ တစ်ယောက်ဖြစ်ပြီး ၊ Online Classes တက်ရောက် သင်ကြား နိုင်ဖို့အ တွက် smartphone လိုအပ်ကြောင်း ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း စိုက်ပျိုးရေး လုပ်ငန်း တွေသာ လုပ်ကိုင် နေရတဲ့ဖခင် ဖြစ်သူက ငွေကြေး မတတ် နိုင်လို့ သာမန် keypad phone ကိုသာ ဝယ်ပေးခဲ့လို့ သမီးဖြစ်သူမှာ အတော်လေးစိတ်ဆိုး ဒေါသ ထွက်ခဲ့ ပါတော့တယ် ။

ထို့ကြောင့် သားအဖ နှစ်ယောက် ရန်ဖြစ် စကားများကြရင်း သမီးဖြစ်သူက အဆိုပါ ဖုန်းကို ရိုက်ခွဲ ပစ်ခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူမှာလည်း စိတ်ဓာတ် ကျပြီး အိပ်ခန်းထဲသို့ ဝင်ရောက် သွားခဲ့ကာ နောက်တစ်ရက် မှာတော့ ဖခင် ဖြစ်သူကို အိပ်ခန်းထဲမှာ သေဆုံးလျက်သားဖြင့် တွေ့ရှိ ခဲ့ရ ပါတော့တယ် ။

ရဲအရာရှိ များက လာရောက် စစ်ဆေး ခဲ့ချိန်မှာတော့ အိမ်အတွင်း ရန်ဖြစ် စကားများမှုများ ရှိခဲ့ကြောင်းကို သိရှိခဲ့ရပြီးနောက် ၊ ဖခင်ဖြစ်သူ သေဆုံးမှုဟာ သာမာန် သေဆုံးမှုမျိုးမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

ယခုလို online classes တွေ တက်ရောက် သင်ကြားနေရတဲ့ အဖြစ်ကြောင့် အချို့သော ဆင်းရဲတဲ့ ကျောင်းသား တွေမှာ အ တော်လေး အခက်အခဲ ရှိခဲ့ ကြပြီး၊ ပြီးခဲ့တဲ့ လကဆိုရင် အိန္နိယနိုင်ငံမှ ကျောင်းသူလေး တစ်ယောက်ဟာ ဖုန်းမဝယ်နိုင်လို့ ဆိုပြီး ကိုယ့်ကို အဆုံး စီရင်သွားခဲ့ ပါသေးတယ် ။ source: bahututa

Tags: