ပခုက္ကူက နာ မည်ကြီး ကြက် တိုက်ဝိုင်းကို ဖမ်းပြီ

ကိုဗစ် ကာလ မရှောင် လုပ်နေတဲ့ ပခုက္ကူ က နာမည်ကြီး ကြက် တိုက်ဝိုင်းကို ဖမ်းပြီ

ကိုဗစ် ကူးစက်ရောဂါ ကာလ၌ မကွေးတိုင်း ဒေသကြီးနယ်မြေအ တွင်း ရောဂါ ပြန့်ပွားမှု တားဆီးရေး အတွက် လုပ်ငန်းများဆောင် ရွက်စဉ် ကြက်တိုက်လောင်းကစားသည့် အဖွဲ့ကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူခဲ့ကြောင်း အောက်တိုတာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် ပခုက္ကူမြို့ ၊ မကျီးပင်ပုအုပ်စု၊ နှောကုန်း ကျေးရွာအပိုင် ကိုဝင်းမြင့်၏ ယာခင်းအနီး ဇီးပင်အောက်တွင် လူ အုပ်စုလိုက်ဖြင့် ကြက်တိုက် လောင်းကစားပြု လုပ်နေကြောင်းသတင်းအရ ပခုက္ကူခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ သွားရောက် စစ်ဆေးရာ ကြက်တိုက်လောင်းကစားဝိုင်း ဖြစ်နေကြောင်း သိရသည်။

လောင်းကစားမှု ကျူးလွန်သည့် အောင်ကိုမြင့် ပါ (၇)ဦး တို့ကို တိုက်ကြက်ဖ (၃) ကောင် ၊ လက်ကိုင်ဖုန်း (၅) လုံး ၊ ဆိုင်ကယ် (၃၂) စီး၊ ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသော ဆက် စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ (၂၃၈၀၀) ကျပ်တို့နှင့်အတူ ရဲတပ်ဖွဲ့က ကြက်တိုက် လောင်းကစားစဉ် ဖမ်းဆီး ရမိခဲ့သည်။

ယင်း အတွက်ကြောင့် ကိုဗစ် ကူးစက် ရောဂါကာလ၌ အုပ်စုဖွဲ့လောင်းကစားမှု ကျူးလွန်ကြသူ ၇ ဦးတို့ကို ထိုက်သင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပခုက္ကူမြို့မရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tags: