နာတာရှည် ဘိုးဘွား တွေနဲ့ ကလေးတွေ အတွက် အစားသောက်တွေ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

နာတာရှည် ဘိုးဘွား တွေနဲ့ ကလေးတွေ အတွက် အစားသောက်တွေ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေ လုပ်ကိုင်ရင်း ပရိသတ်ရဲ့ ချစ်ခင် လေးစားမှုကို ရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက တော့ Covid-19 ကာလ မှာလည်း လိုအပ်တဲ့ နေရာ တွေကို လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။

ဒီနေ့မှာလည်း ပရိသတ်တွေ အတွက် ကြည်ကြည်နူးနူး သာဓုခေါ်ရမယ့် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ် ။ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နာတာရှည် သက်ကြီးရွယ်အို အဘိုးဘွား (၃၀)နှင့် ကလေးငယ်များ အတွက်

အဟာရဖြည့် ဆန်ပြုတ်ထုပ်များ၊ မုန့်ပုံး၊Ovaltine၊ ဖြည့်စွက်စာ များနဲ့ ဆေးဖိုးလေးများကို သွားရောက်လှူဒါန်း ခဲ့တာပဲဖြစ်ပါတယ် ။

အဘိုးဘွားနဲ့ သက်ကြီး ရွယ်အိုများ အာဟာရ ပြတ်လတ် နေတဲ့အတွက် ရပ်ကွက် လူကြီးများမှ တစ်အိမ် နည်းနည်းစီ စုပြီး ဆန် ပြုတ် ပြုတ် ကျွေးမွေး နေရတဲ့အတွက် သူမ တတ်နိုင်သလောက် သွားရောက် လှူဒါန်း ပြီး နို့ ဆန်ပြုတ် ကုန်ကျစရိတ်ကို လှူတန်း ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ် ။

ခိုင်နှင်းဝေက ယခု အလှူလေးအတွက် သူမနဲ့ အတူ ခုနှစ်ရက်သား သမီးအလှူရှင်များ အားလုံး သာဓုခေါ်ဆို ကုသိုလ် ယူနိုင်ကြစေဖို့အတွက် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ခိုင်နှင်းဝေရဲ့ ချစ်ပရိသတ်တွေလည်း အလှူလေးကိုသာဓုခေါ်နိုင် စေဖို့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source : Khine Hnin Wai

Add a Comment

Your email address will not be published. Required fields are marked *