“တောင်တရုပ်ပင်လယ်ပြင်မှ မုန်တိုင်း”MOLAVE ” မြန်မာ နိုင်ငံ ကရင်ပြည်နယ်အထိရောက်နိုင်”

“တောင်တရုပ်ပင်လယ်ပြင်မှ မုန်တိုင်း”MOLAVE ” မြန်မာ နိုင်ငံ ကရင်ပြည်နယ်အထိရောက်နိုင်”

၂၆.၁၀ ၂၀၂၀ ည ၅ နာရီ ၀၅ မိနစ် တောင်တရုပ်ပင်လယ်ပြင်မှ မုန်တိုင်း”SAUDEL ” ကတော့ မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့ညမှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးခဲ့ပြီး ဖြစ်ပါတယ် ။

ယနေ့ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်သော တောင်တရုပ်ပင်လယ်ပြင်မှာ အောက်တိုဘာလ ၂၃ ရက် နေ့က ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း နောက်ထပ်မုန်တိုင်း “MOLAVE”ဟာ ဖိလစ်ပိုင်ရဲ့ အနောက်ဘက် တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်း “”MOLAVE “”ရဲ့ အခြေအနေကတော့… ယနေ့ 06UTC အချိန်JTWCရဲ့တိုင်းထွာချက်များအရ မုန်တိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီ ၈၀ မိုင်နှုန်း ဖြစ်ပါတယ် ခင်ဗျာ။

အနောက်- အနောက်မြောက်ဘက် ကို ၁ နာရီ ၁၅ မိုင်နှုန်းရွေ့လျားနေပြီး မြန်မာနိုင်ငံဘက် ကိုပဲ ဦးတည်နေပါတယ်။ JTWCရဲ့ခန့်မှန်းချက်များ အရ အောက်တိုဘာလ ၂၈ ရက်မှာ ဗီယက်နမ်ကမ်း ခြေ ကို ဖြတ်ကျော်ဝင်ရောက်ပြီး အောက်တိုဘာလ ၃၀ ရက် နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်ကို ၁ နာရီ ၂၀ မိုင်နှုန်းနဲ့ လေပွေလှိုင်များအဖြစ်နဲ့ ရောက်ရှိ လာအုံးမှာ ဖြစ်ပါတယ် ။

မုန်တိုင်း အန္တရယ် မရှိ နိုင်သော်လဲ မုန်တိုင်းအရှိုန်ကြောင့် မြန်မာ နိုင်ငံကို မိုး ရရှိ အုံးမှာ ဖြစ်ပါတယ် ။ အခုပုံစံက မြန်မာ နိုင်ငံမှာ အောက်တိုဘာလကုန်ပြီး နိုဝင်ဘာလ ပထမပတ်အထိ မိုးရရှိနိုင်ပါသေးတယ် ။

စိုက်ပျိုးရေး သမားများအနေဖြင့် မိမိတို့စိုက်ပျိုးမည့် သီးနှံပင်များ ကို မိုးရွာရက်နဲ့ ချိန်ဆပြီး စိုက်ပျိုးပါက ပျက်စီးမှုနည်း ပြီး အောင် မြင်မှုများနိုင်ပါကြောင်း အကြံပြုလိုပါတယ်။

မိုးလေဝသဖြစ်စဥ်များသည် အချိန်နှင့်အမျှ ပြောင်းလဲ နေသောကြောင့် အပြောင်းအလဲအနည်းငယ်ရှိနိုင်လို့အနီးကပ် Update သတင်း များကို စောင့်ကြည် စေလို ပါတယ်။ ဝေဖြိုးဟန် ( လေ ကြောင်းမိုးလေဝသ)

Tags:

Add a Comment

Your email address will not be published. Required fields are marked *