ပန်းရောင်းစား နေတဲ့ ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတကြီး ရဲ့ လေစား ဖွယ် ခံယူချက်နဲ့ စိတ်ထား အကြောင်း

ပန်းရောင်းစားနေတဲ့ ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီး ရဲ့ လေစား ဖွယ်ခံယူချက်နဲ့ စိတ်ထားအကြောင်း

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ Jose Mujica ကို သိပါသလားဥရုဂွေး ဆိုတဲ့ နိုင်ငံလေး…..။ ကမ္ဘာ့ ဖလားပွဲတွေမှာ ဥရုဂွေးအ သင်းကို ရံဖန်ရံခါ ကြားရတတ်တယ်။ တောင်အမေရိကတိုက်က နိုင်ငံလေး၊ သိပ်တော့စိတ်ဝင်စားစရာ မဟုတ်။ စိတ်ဝင်စားစရာ ကောင်းတာက ဥရုဂွေးနိုင်ငံကို ပဲ့ကိုင်သွားတဲ့ သမ္မတကြီး Jose Mujica ။

ရိုးသားလွန်းတဲ့ သမ္မတကြီး ။ ကမ္ဘာကျော် သတင်းဌာန ဘီဘီစီကတောင် “The World’s ‘Poorest’ President” ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတလို့တောင် တင်စားခဲ့တယ်။ Jose Mujica က ဘာတွေလုပ်ခဲ့လို့ ဆင်းရဲတာလဲ။Jose Mujica ကို ၁၉၃၅ ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ ဥရုဂွေးနိုင်ငံရဲ့မြို့တော် Montevideo မှာ မွေးတယ်။

ဖခင်က လယ်သမား ၊ ဆင်းရဲ လွန်းလို့ လူမွဲဘွဲ့ ခံလိုက် ရတယ်။ မိခင်ကတော့ အီတလီနိုင်ငံကနေ နိုင်ငံရေးခိုလှုံသူ။ ဆင်းရဲလွန်းလို့ သူ့ရဲ့ ဆယ်ကျော်သက် ဘဝက အလုပ်ကြမ်း ပေါင်းစုံလုပ်ပြီး ကုန် ဆုံးခဲ့ရတယ် ။ ၁၉၆ဝ ခုနှစ်တွေမှာ ကျူးဘား တော်လှန်ရေး ရိုက် ခတ်မှု တွေကြောင့် ဥရုဂွေးနိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ် လာပြီး အစိုးရ ဆန့်ကျင်ရေး လုပ်လာချိန်မှာ Tupamaros အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။

သူတို့အဖွဲ့က ငြိမ်းချမ်းမှုကို လိုချင်သူ ၊ နိုင်ငံကို အသစ်ပြန်လည် မွေးဖွားလိုသူ။ ၁၉၇၀ ခုနှစ်တွေမှာ Jose Mujica ဟာ နိုင်ငံ ရေးသမားဘဝမှာ သေနတ်ဒဏ်ရာ (၆) ခါရဖူးပြီး (၁၄) နှစ်အထိ ထောင်ကျခဲ့ ဖူးတယ်။ ၁၉၉၄ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ် စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။၁၉၉၉ ရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။၂ဝဝ၅ ခုနှစ် မတ်လ (၁) ရက်နေ့မှာ သူဟာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဖြစ်လာခဲ့တယ်။၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီး Danilo Astori ကို ကျော်ဖြတ်ပြီး ဥရုဂွေးနိုင်ငံရဲ့ (၄ဝ) မြောက် သမ္မတ ဖြစ်လာခဲ့တယ်။

အမေရိကန်သမ္မတ Donald Trump ဆိုရင် အိမ်ဖြူတော်မှာနေတယ်၊ ပြင်သစ်သမ္မတ Emmanuel Macron ဟာ Élysée Palace မှာနေတယ်၊ ဗြိတိန်ဘုရင်မကြီး Queen Elizabeth II က သူ့နန်းတော် Buckingham Palace မှာပဲ စံမြန်းတယ်။ ဥရုဂွေးသမ္မတ Jose Mujica ဟာ နိုင်ငံတော်က စီစဉ်ပေးတဲ့ Residencia de Suarez စံအိမ်မှာ မနေဘူး။ အခြွေအရံတွေကိုပါ ငြင်းပယ်ထားလိုက်တာ၊ ရပိုင်ခွင့်တွေကို မယူပါဘူး။

Montevideo မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ လယ်တောအိမ်မှာပဲ နေတယ်။Jose Mujica ဟာ သူ့အတွက်နဲ့ နိုင်ငံတော်ကို စရိတ်မတက်စေချင်တဲ့ သဘော။ အဝတ်အစားကိုလည်း ဖြစ်သလိုပဲ ဝတ်တယ်။ ကပိုကရိုနေတတ်တယ်။

သမ္မတလစာက (၁၁,၆၃၄) ဒေါ်လာ ရတယ်။ သိန်း (၁၆၀) ကျပ်ပဲ ဆိုပါစို့။ သူ့လစာထဲက (၉၀) ရာခိုင်နှုန်းအထိ ဆင်းရဲတဲ့ပြည်သူတွေကို လှူပစ်ခဲ့တယ်။ သူ့အိမ်မှာ လယ်ကွင်းကြီးရယ်။ ထွန်စက်အဟောင်းကြီးရယ်။ ခြေတစ်ဖက်ပြတ်နေတဲ့ Manuela လို့ခေါ်တဲ့ ခွေးကြီးရယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာ အစောင့်ချထားတဲ့ ရဲသား(၂) ယောက်ရယ်ပဲ ရှိပါတယ်။သမ္မတ Jose Mujica ဟာ ဇိမ်ခံကား မစီးပါဘူး။၁၉၈၇ ခုနှစ်ထုတ် ဒေါ်လာ (၁,၈၀၀) တန် Volkswagen Beetle လိပ်ခုံးကားကိုပဲ မြတ်မြတ်နိုးနိုး စီးနေတုန်းပါ။

ကျန်းမာရေးမကောင်းရင်လည်း အများပြည်သူတွေနဲ့ ဆေးခန်းမှာပဲ ကုတယ်။ သီးသန့်မကုဘူး။ သူ့အတွက်နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို မထိခိုက်စေချင်ဘူး။ ၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတဖြစ်တယ်၊၂ဝ၁၅ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတရာထူးက ဆင်းသွားတယ်။သူ့ရာထူးမှာ ပိုမနေဘူး။အချိန်တန်ရင် ဆင်းသွားတယ် လယ်တောထဲက လာတဲ့လူဟာ လယ်တောထဲမှာပဲ ပြန်ဆင်းသွားခဲ့ပါတယ်။

စိတ်တူ ကိုယ်တူရှိတဲ့ ဇနီးသည် Lucia Topolansky ကို ၂၀၀၅ ခုနှစ်မှာ လက်ထပ်တယ်၊ သားသမီးမထွန်းကားဘူး။ အခုတော့ (၈၅)နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်းကြီးက ပန်းရောင်းစားနေသတဲ့၊ တင်းတိမ် ရောင့်ရဲချက် ။“ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ပြောကြတယ်။ ကိုယ့်ကိုယ်ကိုယ်ဆင်းရဲတယ်လို့ မခံစားမိပါဘူး။ ဆင်းရဲတဲ့သူဆိုတာ ကုန်ကျစရိတ်မြင့်မားတဲ့ လူနေမှုဘဝကို ကာမိဖို့ ပိုက်ဆံတွေကို မရပ်မနား ရှာဖွေနေရတဲ့သူတွေပါ”ကဲ . . . လူ့ဘဝ တိုတို လေးထဲမှာ နောက်ဆုံးပေါ် ဖက်ရှင်၊ တန်ဖိုးကြီးတံဆိပ်တွေနောက်ကို လိုက်ပြီးတော့ ရူးသွပ်နေတော့မှာလား။

အကျိုးရှိတာတွေကို လုပ်နေပြီး ကုန်ဆုံးတော့မှာလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရအောင်ဗျာ။ အဓိကအချက်က အရေးမကြီးတာတွေ လုပ်နေရင် အရေးကြီးတာတွေ မေ့တတ်တယ်ဆိုတဲ့ ဒဿနကို အမြဲသတိရသင့်ပါတယ်။ လူ့ဘဝတိုတိုလေးမှာ ရိုးရိုးရှင်းရှင်းနေကြရအောင်နော်။credit : Kyaw Soe Aung