Google Map က နေ ရှာဖွေ တွေ့ရှိ ခဲ့ တဲ့ ထူး ဆန်းသော အရာများ

Google Map ကနေ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ထူးဆန်းသော အရာများ

Google Map ဟာ ပထဝီဝင် ဆိုင်ရာ အချက်အလက်တွေကိုရှာဖွေဖို့ အတွက် အသုံးအဝင်ဆုံး အရာ တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် Google Map အသုံးပြု သူတွေ ရှာဖွေ တွေ့ရှိ ခဲ့တဲ့အရာတွေဟာ သင့် အနေနဲ့ ယုံကြည် နိုင်ဖို့ ခက်ခဲ လှပြီး တစ်ခုခု error ဖြစ်နေတာလားလို့ သင့်တွေးကောင်း တွေးနိုင်ပါတယ်။

သင့်ဟာ စူးစမ်း လေ့လာသူ တစ်ယောက်ဖြစ်ဖို့ ဝါသနာ ကြီးလွန်းတဲ့သူ တစ်ယောက် ဆိုရင်တော့ Google Map ကတော့ သင့်ဝါသနာအတွက်တော့ အကောင်းဆုံး ဖျော်ဖြေမှု တစ်ခုလိုပါဘဲ။

(၁)တောင်တစ်ခုပေါ်မှာတွေ့ရတဲ့ ကိုကာကိုလာလိုဂို

ကမ္ဘာအကြီးဆုံးကိုကာကိုလာလိုဂိုကြီးကိုတော့ချီလီနိုင်ငံ၊ Arica မြို့အနီးရှိ တောင်စောင်းတစ်ခု အပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။ထို လိုဂိုကြီးကိုတော့ ကိုကာကိုလာရဲ့ နှစ် ၁၀၀ ပြည့်ဖြစ်တဲ့ ၁၉၈၆ ခုနှစ်မှာ အထိမ်းအမှတ် တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး coke ပုလင်းအလွတ် ၇၀,၀၀၀ ကို အသုံးပြုကာ ပြုလုပ်ထားတာ လည်းဖြစ်ပါတယ်။

(၂)အန္တာတိကတိုက်မှာမြင်တွေ့ရတဲ့ ပိရမစ်

အန္တာတိကတိုက်ရဲ့ ရေခဲ ဆီးနှင်းတွေ ဖုံးနေတဲ့ ကြားထဲမှာတွေ့ရတဲ့ ထိုပိရမစ်ဟာ ရှေးခေတ် ယဉ်ကျေးမှု တစ်ခုလားဆိုတဲ့မေးခွန်းတွေတဲ့ မသေချာတဲ့ အနေအထားမှာ ရှိနေ ပါတယ်။ ဒီသီအိုရီကိုထောက်ခံသူတွေ ကတော့ ဒီအရာဟာ တတိယမြောက် Reich’ ရဲ့ အန္တာတိတိုက်ကို စိတ်ဝင်စားနေတဲ့ အကြောင်းအရင်း တွေထဲကတစ်ခု ဖြစ်မယ်လို့လည်း ယုံကြည်နေကြပါတယ်။အခြားသူများကတော့ ထိုပိရမစ်ဟာ ရှေးခေတ်အတ္တလန်တစ်မြို့ရဲ့အမွေအနှစ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

(၃)ကြီးမားလှတဲ့ခြေထောက်ပုံစံဝင်္ကဘာ

ကြီးမားလှတဲ့ ခြေထောက်နဲ့ ပုံစံ တူတဲ့ ထို ဝင်္ကဘာ ကြီးဟာ Hampshire ခရိုင်အနီးရှိ ရွှာတစ်ရွှာမှာ တည်ရှိ ပါတယ် ။ထိုဝင်္ကဘာ ကြီးဟာ ၃၇၇ ပေ ရှည်လျားပြီး အင်္ဂလန်ရဲ့ အရှည်ဆုံးဝင်္ကဘာ တစ်ခုလည်း ဖြစ်ပါတယ်။

(၄)အဆောက်အဦးတစ်ခုရဲ့ခေါင်မိုးပေါ်မှာတွေ့ရတဲ့ ဂါလီဗာရုပ်ထု

ကမ္ဘာ့ အထူးဆန်းဆုံး ကလေး ကစားကွင်း တစ်ခုကတော့ စပိန်နိုင်ငံ၊ ဗလင်စီယာမြို့မှာ တည်ရှိကာ ထိုကစားကွင်းရဲ့ အမိုးပေါ်မှာတော့ ထူးခြားတဲ့ ဂါလီဗာ ရုပ်ထုကြီးကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(၅)ဂြိုလ်သားတွေရဲ့ကြောင်

ထို ဘူမိရုပ်ပုံ ကိုတော့ ပညာရှင်များက နှစ်ပေါင်း ၉၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။တွေ့ရှိ ရသော ရုပ်ပုံ အရ ၎င်းဟာ အခြား ဂြိုလ်မှ ဂြိုလ်သားတွေရဲ့ကြောင်တစ်ကောင် ပုံစံမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ ထိုရုပ်ပုံ ကိုတော့ ကမ္ဘာ့အခြောက်သွေ့ဆုံး ကန္တာရ တစ်ခုဖြစ်တဲ့ Atacama ကန္တာရမှာ တည်ရှိကာ ထိုနေရာ မှာတော့ မိုးမရွှာသွန်းတာ ရာစု နှစ်ချီ ကြာနေပြီဖြစ်ပါတယ်။

(၆)ကျောက်စရစ်တွေ စီထားတယ်လို့ ထင်ရတဲ့ ဆား ထုတ်လုပ်ရေး စက်ရုံတစ်ခု

ထိုနေရာ ကတော့ မိသားစု ၅၀ လောက်သာ နေထိုင်တဲ့ နိုင်ဂျီးရီးယားမှ ရွာငယ်လေး တစ်ရွှာလည်း ဖြစ်ပါတယ်။ထိုနေရာကဒေသ ခံ ပြည်သူများရဲ့အဓိက အလုပ်အကိုင် ကတော့ ရွံ့တွေပြည့်နေတဲ့ကန်တွေကနေ ဆားထုတ်ယူတဲ့ လုပ်ငန်းဘဲ ဖြစ်ပါတယ်။ထိုရေကန်တွေမှာတော့ ရေတွေနဲ့ ပြည့်နေပြီ အထဲမှာ ပျော်ဝင်နေတဲ့ ရွံ့စေးတွေထဲမှာ ဆားတွေ ပါဝင်နေတာကို တွေ့ရပါတယ် ။ ထိုနောက်သူတို့ဟာ ဆားငန် ရေတွေကို သေချာ စစ်ထုတ်ပြီး ရေတွေ အငွေ့ပျံသွားတဲ့ အခါမှာ ဆားပုံဆောင်ခဲတွေကို ရယူသော နည်းလမ်းဖြင့်ဆားတွေ ထုတ်လုပ် နေကြတာ ဖြစ်ပါတယ်။

(၇)ကြီးမားလှတဲ့ဧရာမဂဏန်းကြီး

credit: original uploader