“သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင်”

“သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင်”

ငှက်ပျောရွက်က စားစရာ တစ်ခု မဟုတ်သလို ဆေးဖက် ဝင်မယ်လို့လည်း ဘယ်သူမှ ထင်ထားလောက်မှာ မဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာက လွဲလို့ ငှက်ပျောရွက်ကို စားဖို့ဒါမှမဟုတ် ဆေး ဖက်ဝင်တဲ့ အရာ တစ်ခု အနေနဲ့ အသုံးပြုလို့ ရမယ် ရယ်လို့ ထင်မထားဘူးဟုတ်။

ဒီတော့ သင် ထင် မထားတဲ့ ငှက်ပျောရွက်က ဘယ်လို အကျိုး ကျေးဇူးတွေများ ရှိလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ချောင်းဆိုးရင်ကြပ်

ငှက်ပျောရွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရင်ကြပ်ချောင်းဆိုး သက်သာ စေဖို့ အတွက် အသုံး ပြုခဲ့ ကြတာပါ ။ လေ့ လာမှုတွေ အရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကို တိုးစေနိုင်သလို၊ ချေင်းဆိုး သက်သာ စေပြီး နာကျင် ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။

အသက်ရှု လမ်းကြောင်း အထက်ပိုင်းမှာ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာ ကိုလည်း အထိ ရောက်ဆုံး သက်သာ စေနိုင်ပါတယ်။အအေးမိ ဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက် နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကို ပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာ စေနိုင်ပါတယ်။

ငှက်ပျောရွက်ကို အရည် ညှစ်ပြီး ရေနဲ့ ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ ပြီးရင် ပျားရည်လေးနဲ့ ရောပြီး သောက်ပေး လို့ရပါတယ်။လေပြွန် ရောင်ရမ်းနာသင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန် ရောင်ရမ်းနာများ ရှိမယ် ဆိုရင် သဘာဝ ဆေး အနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ လေပြွန် ရောင်ရမ်းခြင်းကို သာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ ချောင်းကိုပါ သက်သာ စေနိုင်ပါတယ်။

Polysaccharides ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီးချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာ စေနိုင်ပါတယ် ။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေး ထဲမှာ၁၀မိနစ် ကနေ၁၅မိနစ်လောက် စိမ်လို့ပေါင်း ခံရည်ယူပါ။ ပြီးရင် စိမ်ထားတဲ့ အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက် အထိ သောက်ပေးလို့ ရပါတယ် ။ အရေပြားယားယံတာကို သက်သာ စေနိုင်တယ်အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာနဲ့ နာကျင်တာတွေ သက်သာ စေဖို့ အတွက်လည်း ငှက် ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှု သက်သာစေပြီး အသား အရေချောမွေ့လို့ ကျန်းမာတဲ့ အရေပြားတစ်ရှုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင် နေပါတယ်။နေလောင်ဒဏ်ကနေ ကာကွယ် ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်ပါတယ်။

ငှက်ပျောရွက်ကို စင်အောင်ဆေး အရည် ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။အနာတွေကို သက်သာ စေနိုင်ပါတယ်ထိခိုက်ဒဏ်ရာတွေ အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ allantoin ပါဝင်တဲ့အတွက် အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

ငှက်ပျောရွက် ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ ရပါတယ် ။ ငှက်ပျောရွက်ကို ရေစင်အောင် ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်း ရပါတယ်။ခံတွင်း အနာကို သက်သာစေနိုင်တယ် ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက် ပျောရွက်ကို အသုံး ပြုပေးလို့ ရပါတယ်။ နာကျင် ရောင်ရမ်းမှု ကို သက်သာ စေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်း အနာ တွေကို သိသိသာသာ သက်သာ စေနိုင်ပါတယ်။

ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့် ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင် စားပေးပါ ။ ဝမ်းချုပ် သက်သာ စေနိုင်ပါတယ် နာတာရှည် ဝမ်းချုပ်တာကို သက်သာ စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့ သွားစေ နိုင်ပါတယ် ။ ငှက်ပျောရွက်တင် မဟုတ်ပါဘူး။ ဝမ်းမှန်စေဖို့ အတွက်လည်း စားသုံး ပေးလို့ ရပါတ ယ်။

ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။ ငှက်ပျောရွက်၊ ရှောက်ရွက်ကို အခြောက် ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကိုထည့်ပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်အထိထားပေးပါ။ဒီအရည်ကို သောက်သုံးတာက အစာအိမ်နာတာကိုပါ သက်သာ စေနိုင်ပါတယ်။ အစာခြေ စနစ် ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်လေ့လာမှုတစ်ရပ်အရ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးပေါ့။

ဆီးချိုသက်သာစေနိုင်တယ် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျ စေနိုင် ပါတယ်။အမျိုးအစား -၂ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ငှက်ပျောရွက် ပြုတ်ရည်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးတာက သွေးတွင်း သကြားဓာတ်ကို ကျဆင်း စေနိုင် တယ်လို့ လေ့လာမှုအရ သိရပါတယ်။ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *