မီးဖိုချောင် ပန်းကန်ဆေးသည့်​နေရာက အသံတိတ် လူသတ်သမား

မီးဖိုချောင် ပန်းကန်ဆေးသည့်​နေရာက အသံတိတ် လူသတ်သမား

လွန်ခဲ့တဲ့ ခြောက်နှစ် လောက်က ကျွန်တော့် မိတ်ဆွေ တစ်ယောက်နဲ့ ဆုံဖြစ် ပါတယ်။ အိပ်ယာထဲက မထနိုင်သလို အစား အသောက်ပါ မစားနိုင်တဲ့ အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ သူ ခံစား နေရတဲ့ ဝေဒနာကို မေးကြည့်တော့ ချက် နားကစူးအောင့်ပြီး နာနေ သလို ဝမ်းလဲ ချုပ်နေပါတယ်။

ဆေးခန်း ပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက် အခဲ ပျောက်ဆေးတွေပဲ ပေးသတဲ့လေ။ ဖြစ်နိုင် ခြေကို ကျွန်တော် စဉ်းစားကြည့် ပါတယ် အစာအိမ်မှာ အနာ ရှိသလား အူခေါက်သလား အူကင်ဆာလား ပေါ့လေ။

စိတ်ထဲမှာ မသင်္ကာ လာတာနဲ့ မေမေ့ တပည့် ခွဲစိတ် ဆရာဝန်ကြီးဆီကို အကြံ ဉာဏ် တောင်းခံခဲ့ ပါတယ်။ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကို ခေါ်လာဖို့နဲ့ သူကိုယ်တိုင် လာကြည့်မယ်လို့ ပြောပါတယ်။

ဓါတ်မှန် ရိုက်တော့လဲ ဘာမှ မပေါ်ပါဘူး ဆရာဝန်တွေ ခေါင်းစားရတဲ့ ပြသနာပါပဲ။ Operation လုပ်ဖို့ ကလဲရောဂါအတိအကျမသိရတဲ့ အတွက် လုပ်ဖို့ မလွယ်ပါ။

အတိုချုံ့ ပြောရရင်တော့ လူနာဟာ ခြောက်လ အကြာမှာ ဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ရင်ခွဲ စစ်ဆေး ချက်တွေ အရ အူမကြီးတစ်ခုလုံး ပုပ်နေ ပါပြီ။အူမကြီးကို အသေအခြာ စစ်ဆေးတော့မှအူနံရံမှာ စိုက်ဝင်နေတဲ့ Steel စလေးကို တွေ့ရ ပါတယ် ။ အဲဒီ Steelစလေးက ပန်းကန်တွေ ဆေးရာမှာအသုံးပြုတဲ့Steelအစလေးပါ အခန့် မသင့်ရင် အသက် တစ်ချောင်း ဆုံးရှူံး တတ်တာကြောင့် အိုးတိုက်တဲ့ သံစာဖတ်ကို မသုံးစေချင်ပါဘူး ခင်ဗျာ ။ခရက်တစ်ပါ

Tags: