သီတင်းကျွတ် လာကန်တော့တဲ့ တပည့်ဖြစ်သူ ညီလေးကို ဆုတွေပေးရင်း ကြည်နူးပီတိဖြစ်နေတဲ့ မင်းသားနေတိုး

သီတင်းကျွတ် လာကန်တော့တဲ့ တပည့်ဖြစ်သူ ညီလေးကို ဆုတွေပေးရင်း ကြည်နူးပီတိဖြစ်နေတဲ့ နေတိုး

ပရိသတ်ကြီးတို့ရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ထိပ်တန်းမင်းသားချော နေတိုးကတော့ တကယ်ကို စိတ်ထားပြည့်ဝပြီး ပရိသတ်တွေအပေါ်လေးစားချစ်ခင်တတ်သူပါပဲ..။

သရုပ်ဆောင် ကောင်းရုံတင်မကဘဲ အဆိုပိုင်းနဲ့ ပန်းချီဆွဲတဲ့ နေရာမှာ ထူးချွန်ပြီး ရှုတင်အတွက် မိတ်ကပ် ပြင်ဆင်မှု အပိုင်းမှာလည်း ကျွမ်းကျင် သလို အခြား အနုပညာပိုင်း တွေကိုလည်း ပိုင်ပိုင် နိုင်နိုင်ဖန်တီးနိုင်တာတွေကြောင့်လည်း စွယ်စုံရမင်းသားတစ်ဦးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြု ချစ်ခင် နေကြတာလည်း ဖြစ်ပါတယ်နော်..။

မင်းသားချော နေတိုးကတော့ အခုလို မြန်မာရိုးရာ သီတင်းကျွတ်အချိန် အခါလေးမှာ ဂါဝရ ပြုခြင်းတွေနဲ့ ဖြတ်သန်း နေတဲ့ သူ့ကို တပည့် ဖြစ်သူကလည်း အိမ်တိုင်ရာရောက် လာရောက်ပြီး ဂါဝရပြုကန်တော့ခဲ့ပါတယ်နော်..။

အရိုသေ သိတတ်မှု လေးတွေနဲ့ လာရောက် ဂါဝရပြုကန်တော့တဲ့ တပည့်ဖြစ်သူကို တည်တည် ငြိမ်ငြိမ်နဲ့ ဆုတွေ ပေးရင်း ကြည်နူးပီတိဖြစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည်ကြည် နူးနူးလေး မြင်တွေ့ရမှာပါနော်..။

“သီတင်းကျွတ် ကန်တော့ လူကြီးမိဘ ဆရာသမားများအား ရှိခိုးကန်တော့ ပူဇော်ခြင်းသည် မင်္ဂလာတစ်ပါးပါ..” ဆိုပြီး ဆရာဖြစ်သူ နေတိုးကို ဂါဝရပြု ကန်တော့ ခဲ့တဲ့ ကြည်နူးစရာ အမှတ်တရလေးတွေကို တပည့်ဖြစ်သူက ဝေမျှထားတာပါ..။

“သတိရနေတယ်ဆိုလို့..” ဆိုပြီး ပရိသတ်တွေ အတွက် အလွမ်း ပြေ ဓာတ်ပုံလေးတွေလည်း နေတိုးက ပရိသတ်တွေကို မျှဝေထားပါသေးတယ်နော်..။

ပရိသတ်ကြီးရေ သီတင်းကျွတ် အချိန်ခါလေးမှာ ဂါဝရတရားတွေနဲ့ နေတိုးတို့ဆရာတပည့်နှစ်ယောက်ရဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကတော့ တကယ်ကို ရင်အေးချမ်းမြေ့စရာလေးပါပဲနော်..။Source: Nay Toe’s Fb Page