ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံ မိသားစုဝင် များ အတွက် EFD ဥက္ကဌကြီး ဦးစိုင်းမျိုးဝင်း မှ ဆန်၊ ဆီ အပါ အဝင် စားသောက် ကုန်များလှူဒါန်း

EFD ဥက္ကဌကြီး ဦးစိုင်းမျိုးဝင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံမိသားစုဝင်များအတွက်ဆန်၊ဆီအပါ အဝင် စားသောက် ကုန်များလှူဒါန်း

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ထောက်ကြံ့မြို့ နယ်၊ လှည်းကူးမြို့နယ် ၊ အင်းစိန် မြို့နယ် ၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် ၊ဗိုလ်တထောင်မြို့နယ် ၊ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ လက်လုပ်လက်စား

ပြည်သူများထံသို့ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက် ကုန်များအား Excellent Fortune Development Group (EFD Group)နှင့်Excellent Fortune Foundation ( EFF Foundation) ဥက္ကဋ္ဌကြီး ဦးစိုင်းမျိုးဝင်းမှ အိမ်တိုင် ရာရောက် ပို့ဆောင်လှူဒါန်းခဲ့သည်။

“အခုအလှူကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေက လက်လုပ်လက်စား ပြည်သူတွေအတွက် ဆန်၊ ဆီ အပါအ ဝင် အခြေခံ စားသောက်ကုန်တွေ လှူပေးဖြစ်ပါတယ် ။ စုစုပေါင်း အိမ်ထောင်စု(၁,၈၀၀)အတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ်။ အ ခုချိန်မှာ ကျွန်တော်တို့အားလုံး ဒီ COVID-19 ကပ်ရောဂါဆိုးကြီးကို အတူတူရင်ဆိုင်၊ ကျော်ဖြတ်နေကြရပါတယ်။

တော်တော်များများက အလုပ်တွေနားထားရပြီး အိမ်ထဲမှာပဲ နေကြရတာဖြစ်လို့ တစ်ချို့သောသူတွေ အစားအစာအတွက်အခက် အခဲဖြစ်နေကြမယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာစိတ်နဲ့တွေးမိပါတယ်။ ဒါကြောင့် ဆန်၊ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ နို့ဆီ ၊ ကော်ဖီမစ်နဲ့ Mask အစ ရှိတာတွေကို အိမ်ခြေ ၁,၈၀၀ အတွက် ကျွန် တော်တို့ EFD Group မိသားစုမှ အိမ်တိုင်ယာ ရောက် ထပ်မံလှူဒါန်းဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။

(EFD Group)နှင့် ( EFF Foundation) တည်ထောင်သူနှင့် ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး ဖြစ်သူ အဂ္ဂမဟာ သီရိ သုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့ မိသားစုသည် ကိုဗစ်ကာလတလျှေက် မြန်မာနိုင်ငံအတွင်းရှိ

ပြည်နယ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့များ၊ အစိုးရဆေးရုံများ၊ ပရဟိတလုပ်ငန်းများဆောင်ရွက်လျက်ရှိသောလူမှုရေးအသင်းအ ဖွဲ့များ သို့ Covid-19 ရောဂါ ကာကွယ်ရေး ပစ္စည်း များအား လှူဒါန်းခြင်း၊ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက် အ လှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့်

Fortune Plaza ၌ Covid လူနာများအား ထားရှိ/ကုသနိုင်စေရန် လှူဒါန်းခြင်းများ ပြုလုပ်လျက် ရှိပြီး အခြေခံ လက်လုပ် လက်စား ပြည်သူတချို့ အတွက်ဆန်၊ ဆီ၊နှင့် အခြေခံစားသောက် ကုန်များကိုပံ့ပိုးကူညီလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။ ဥက္ကဋ္ဌကြီးဦးစိုင်းမျိုးဝင်း

Tags: