အရိုးကင်ဆာရောဂါခံစားနေရပေမဲ့ ပတ်ဝန်းကျင်သန့်ရှင်းနေစေဖို့အတွက် အမှိုက်တွေလိုက်ကောက်နေခဲ့တဲ့အမျိုးသား

အရိုးကင် ဆာ ရောဂါခံစားနေရပေမဲ့ ပတ်ဝန်းကျင်သန့်ရှင်းနေစေဖို့အတွက် အမှိုက်တွေ လိုက်ကောက်နေခဲ့တဲ့ အမျိုးသား

မလေးရှားနိုင်ငံရှိ လမ်း၊ပန်းခြံ၊ကမ်းခြေနှင့်အခြား အများပိုင်နေရာတွေရှိ အမှိုက်သရိုက်တွေဟာ မလေးရှား ယဉ်ကျေးမှု ထဲကတစ်ခုလို ပါဝင်လာခြင်းမှာ မလေးရှား လူမျိုးတွေ အတွက် အိမ်မက်ဆိုးကြီးလို ဖြစ်နေပါတယ်။ အသက်၄၂နှစ်အရွယ် မလေးအမျိုးသားတစ်ဦးဖြစ်တဲ့ Umat Usmanခေါ် Pak Long ဟာ လမ်းပေါ်  ပြန့်ကျဲနေတဲ့ အမှိုက်သရိုက် များလာတာကို မြင်တော့ စိတ်ခုကာ ပလပ်စတစ်အိတ်၊ဘူးခွံ စတဲ့ အမှိုက်တွေကို ကောက်ရင်း ဝင် ငွေပါရှာခဲ့ပါတယ် ။

Bernama သတင်းအရ Pak Long ဟာ ဆုတောင်းခြင်းအပြီး Kuala Perlis ကမ်းခြေတစ်လျောက် နေ့တိုင်း ကီလို ၁၀အကွာအဝေးခန့် လမ်းလျှောက်ရင်း အမှိုက်သရိုက် စုဆောင်းကာ သူ့ရဲ့တစ်နေ့တာကို စတင်ပါတယ်။”လူတွေကငါ့ကို အမှိုက်ကောက်သမားလို့ ခေါ်ရင် ငါစိတ်အနှောက်အယှက် မဖြစ်ပါဘူး၊ဒါပေမဲ့ ငါ့မှာ အမှိုက်တွေ စုဆောင်းရတဲ့ အကြောင်းပြချက် တွေရှိတယ်။

အမှိုက်ကောက်တဲ့အလုပ်က အသုံးမကျပေမဲ့ ပုလင်းဟောင်းတွေ၊ဘူးခွံတွေနဲ့ တခြား အမှိုက်တွေကို ရောင်းရင်တော့ မင်းကို ဝင်ငွေအနည်းငယ် ရစေလိမ့်မယ်”ဟု ဆိုထား ပါတယ်။

သူဟာ လစဉ် ပလပ်စတစ်ဘူးတွေနဲ့ သံဘူးတွေကို ၁၁၆ကီလိုဂရမ်အထိ စုဆောင်းနိုင်ပြီး အဲဒီအတွက် ရင်းဂစ် ၂၀၃ခန့်ရရှိပြီး”အမှန်က အဲလောက် ရင်းဂစ်ဘဲ ရတာ မတန်ဘူး။

တခြား သူတွေ အတွက်လည်း တန်မှာ မဟုတ်ဘူး ။ ငါ လတိုင်း စုဆောင်းတဲ့ အမှိုက်တွေက ၁၀၀ကီလိုဂရမ်မှ ရင်းဂစ်၂၀၀လောက်ဘဲ ရနိုင်ပေမဲ့ စိတ်ကျေနပ်စေတာ တစ်ခုက ပတ်ဝန်းကျင်ကို တစ်ချိန်တည်း ကာကွယ်နိုင်တာကိုဘဲ”ဟု Pak Long ကဆိုထားပါတယ်။

သူဟာ အရိုးကင်ဆာ ရောဂါဝေဒနာ ခံစားနေရပေမဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ အတွက် ပိုစိတ်အား ထက်သန် နေခဲ့ပါတယ် ။သူဟာ အမှိုက်ကို စည်းကမ်းမရှိ စွန့်ပစ်ခြင်းက ပင်လယ်ပြင်ကို ညစ်ညမ်းစေနိုင်သလို ငါးဖမ်းသမားတွေ အတွက်လည်း အခက် တွေ့စေနိုင်တာကြောင့် ကမ်းခြေရှိ အမှိုက်ပစ် နေကြတာကို ရပ်တန့် စေရန် အများ ပြည်သူအား နှိုးဆော်ခဲ့ ပါသေးတယ်။

“ဒီမှာ ငါးဖမ်းသမား တချို့က သူတို့ ငါးဖမ်းပိုက်တွေထဲ ငါးထက် အမှိုက် ပိုများလာတယ်လို့ ငြီးငြူ လာကြတယ်”ဟုဆိုထားပါသေးတယ်။ Perlis ပတ်ဝန်းကျင် ဦးစီးဌာန (DOE) ဒါရိုက်တာ Azman Shah lsmailဟာ Pak Long ရဲ့ လုပ်ရပ်တွေကို ချီးကျူး ပြောဆို ခဲ့ရုံသာမက သူ့အတွက် ဆေးဖိုးဝါးခ တွေပါလှူဒါန်းခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို မြှင့်တင်ရန်လည်း လူထုအား တိုက်တွန်း ခဲ့ပါတယ်။

တကယ်တော့ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ခြင်းဟာ ကျွန် တော်တို့ လူသားအားလုံးရဲ့တာဝန် ဝတ္တရား တစ်ခုဘဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးကို ကာကွယ် နိုင်ရန်အတွက် စာဖတ် သူတို့လည်း Pak Long လို မလုပ်နိုင် ခဲ့ရင်တောင် နည်းနည်းလေးဘဲ ဖြစ်ဖြစ် ပါဝင် ပူးပေါင်း ကူညီ နိုင်မယ် လို့လည်း မျှော်လင့်မိပါတယ်။Source: worldofbuzz

Tags: