မထက်နဲ့မိသားစု ဘဝကလေး ပြန်လည်ပေါင်းစည်းဖို့လာပြောတဲ့သူကို ခပ်ပြတ်ပြတ် တည့်ပြောလိုက်တဲ့ စိုင်းလွှမ်း

မထက်နဲ့မိသားစု ဘဝကလေး ပြန်လည်ပေါင်းစည်းဖို့လာပြောတဲ့သူကို ခပ်ပြတ်ပြတ် တည့်ပြောလိုက်တဲ့ စိုင်းလွှမ်း

မထက်နဲ့ မိသားစု ဘဝကလေး ပြန်လည် ပေါင်းစည်းဖို့ လာပြောတဲ့သူကို ခပ်ပြတ်ပြတ် တည့်ပြောလိုက်တဲ့ စိုင်းလွှမ်းအ ဆိုတော်၊သရုပ်ဆောင် တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ စိုင်းလွှမ်းကတော့ လက်ရှိ မှာလည်း အနုပညာ အလုပ်တွေကို အနည်း အကျဉ်းလုပ် ဆောင်နေတာ ဖြစ်ပါတယ်။

စိုင်းလွှမ်းမှာ အရမ်း ချစ်စရာ ကောင်းတဲ့ သမီးလေးလည်း ရှိလို့ သာယာ အေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။စိုင်းလွှမ်းတို့ သားအဖ နှစ်ယောက်က အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းပြီး ပျော်ရွှင်စွာ နေထိုင်နေကြတာ ဖြစ်ပါတယ်နော်။

စစ်လွန်းဝတီထက် လေးကလည်း အရမ်း သိတတ် လိမ္မာတဲ့သမီးလေးဖြစ်လို့ ဖေဖေ့ကို့ အမြဲ စိတ်ချမ်း သာအောင် ထားပါတယ်နော်။မကြာသေးခင် လတွေ ကလည်း စိုင်းလွှမ်းတို့ သားအဖနှစ်ယောက်က သာသနာ့ဘောင်ကို အတူတူဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

စိုင်းလွှမ်းက သမီးလေးကိုလည်း သေချာဂရုစိုက်ပေးပြီး လုံခြုံ‌နွေးထွေးစွာစောင့်ရှောက်ပေးတဲ့ ဖခင်ကောင်း တစ်ယောက်ပါနော် ။ ဒီနေ့မှာတော့ သူ တင်ထားတဲ့ post အောက်မှာ မိသားစုလေး ပြန်လ ည်ပေါင်းစည်းစေချင်တယ်လို့ ပြောတဲ့သူတွေကို စိုင်းလွှမ်းကပြတ်ပြတ်သားသားပြောလာခဲ့ပါတယ်။

မထက်နဲ့ ပြန်ပေါင်းစေချင်တဲ့သူကို “နောက်တစ်ခါ ဘယ်တော့မှ ဒီနာမည် လာမပြောဖို့ တောင်းပန်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ မသိတဲ့သူတွေက တော့ ဒီလို စိတ်မျိုး ဖြစ်နေမှာပေါ့။

လူစိတ်မရှိတဲ့သူက အမတို့လို့ စိတ်မျိုးဘယ်ရှိမလဲ ထားလိုက်ပါ စေတနာရှိရင် ဘဝအဆက်ဆက် ဒီလိုမိန်းမမျိုးနဲ့ မပက်သက်ရဖို့ ပဲ ကျေးဇူးပြုပြီးဆုတောင်းပေးပါ ဆိုပြီးလဲပြောခဲ့ပါသေးတယ်။ခရစ်ဒစ် – စွယ်စုံသတင်း