ကိုယ် တစ်ခြမ်း သေနေသူက ဝှီးချဲပေါ်မှ ရေထဲကို ခုန်ဆင်းကာ ရေ နစ်နေ သူကို ကူညီ ကယ်တင်ပေးခဲ့

ကိုယ်တစ်ခြမ်း သေနေသူက ဝှီးချဲပေါ်မှ ရေထဲခုန်ဆင်းကာ ရေနစ်နေသူကို ကူညီကယ်တင်ပေးခဲ့

ရုရှားနိုင်ငံမှ နီကီတာဗန်ကော့ဗ်ဆို သူ အမျိုးသားတစ်ဦးက ဆိပ်ခံတံတား အနီးမှာ ရေနစ်နေသူကို မြင်တွေ့ခဲ့ပြီးတဲ့ နောက် သူကိုယ် တိုင် ဘီးတပ်ကုလားထိုင် ပေါ်ကနေ ရေထဲကိုခုန်ဆင်းသွားကာ ရေ နစ်သူကို ကူညီကယ်တင်ပေးခဲ့ပါတယ်။

သူကိုယ်တိုင်ကာ လိုင်စင်ရရေငုပ်ကျွမ်း ကျင်သူဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၁၃ နှစ်တုန်း က မတော်တဆ ထိခိုက်မှု တစ်ခုကြောင့် ကိုယ်အောက်ပိုင်း သေနေခဲ့ရသူလည်း ဖြစ်ပါတယ်။

အနာပါ မြို့လေးမှာ ရေငုပ် သူဘဝကနေ မသန်စွမ်း ဘဝရောက်သွား ခဲ့တဲ့ သူရဲ့ ဇာတ်လမ်း အကြောင်းကို င်္ဗီဒီယို အဖွဲ့ တစ်ဖွဲ့က ရိုက်ကူး မှတ်တမ်းတင်နေ ချိန်မှာပဲ တစ်စုံတစ်ယောက်ရေနစ်နေတာ ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ကူညီခွင့်ရသွား ခဲ့တာဖြစ်ပါတယ်။

ကနဦးတုန်းက ရေနစ် သူကို ဆွဲခေါ်လာသူနှစ်ဦးရှိနေတာ ကြောင့် နီကီတာက ဆိပ်ခံတံတားပေါ်က နေပဲ ဘီးတပ်ကုလားထိုင်နဲ့သွားရင်း အ ခြေအနေကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရေနစ်နေသူနဲ့ ကူညီသူ တွေ ရေထဲမှာရုန်းကန်နေရတာကို မြင်ပြီး အခြေအနေအရ သူကိုယ်တိုင် ရေထဲဆင်း ဖို့ ဆုံး ဖြတ်လိုက်တာဖြစ်ပါတယ်။ ကိုယ် တစ်ခြမ်းသေနေသူဖြစ်ပေမယ့်လည်း ရေ ကူးမှုမှာ အနှောင့်အယှက်မရှိဘဲ ကောင်းကောင်းရေကူးနေနိုင်သေးတဲ့ နီကီတာက ရေထဲမှာ ကူညီပေးခဲ့ပြီး ရေနစ်သူနဲ့အ ခြား သူတွေကို လှေပေါ်တင်ပေးဖို့ ကူညီပေး ခဲ့တာဖြစ်ပါတယ်။

နီကီတာရဲ့ ကူညီမှုကို ဆိပ်ခံတံတားမှာရှိနေတဲ့ အခြားသူတွေက ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး အွန်လိုင်းပေါ် တင်လိုက်ချိန်မှာ မသန်စွမ်းအ ခြေအနေမှာတောင် ဒုက္ခရောက်နေသူအ တွက်ကူညီပေးသွားတဲ့ နီကီတာကို ထောင် နဲ့ချီတဲ့ အွန်လိုင်းသုံးစွဲ သူတွေက ချီးမွမ်းခဲ့ ကြပါတယ်။credit:Pyi Myanmar

Tags: