လူဦးရေ (၇) ဦးသာ ရှိတဲ့ နိုင် ငံ ငယ်လေး အပါအဝင် ကမ္ဘာ့ အ သေးဆုံးနိုင်ငံငယ်လေးများ

လူဦးရေ(၇)ဦးသာရှိတဲ့ နိုင်ငံငယ်လေးအပါအဝင် ကမ္ဘာ့အသေး ဆုံးနိုင်ငံငယ်လေးများ

ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံးနဲ့ အသေးဆုံး နိုင်ငံလေးတွေ ရှိပါတယ်။အချိနိုင်ငံတွေကတော့ Micronation လို့ခေါ်တဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ရွာအဆင့် နိုင်ငံလေးတွေပါ။ Microstate အောက်မှာ အကျုံးဝင်တဲ့နိုင်ငံတွေလည်း ရှိပါသေးတယ်။

သူတို့ ကတော့ Micronation ထက် အဆင့် ပိုမြင့် ပါတယ်။ Micronation ဖြစ်ဖို့ အတွက် ခေါင်းဆောင် ဖြစ်သူက လွတ် လပ်ပြီး အမှီ အခို ကင်းတဲ့ နိုင်ငံ အဖြစ် ကြေညာဖို့လိုသလို သူရဲ့အထက် နိုင်ငံကြီးကို အုပ်ချုပ်တဲ့ အစိုးရ ကလည်း အဲဒီ Micronation ကို လွတ်လပ်ပြီဖြစ်ကြောင်း တရားဝင် အသိ အမှတ်ပြုဖို့ လိုပါတယ်။အခုအချိန်ထိ Micronation တွေကို အုပ်ချုပ်နေတဲ့ ဘုရင်တွေ၊ မင်းညီမင်းသား၊ မင်းဆွေမျိုးတွေ ရှိနေပါသေးတယ်။

Microstate ကတော့ အဆင့် ပိုမြင့်ပြီး ကိုယ်ပိုင် တပ်မတော်၊ ကိုယ်ပိုင် အစိုးရ၊ ကိုယ်ပိုင် အုပ်ချုပ်သူရှိပါတယ်။ဗာတီကန်စီးတီးကဲ့သို့သော Microstate နိုင်ငံ စုစုပေါင်း (၃၁)နိုင်ငံရှိပါတယ်။ Micronation ကတော့ ရာနဲ့ချီရှိနေပါတယ်။အခုဖော်ပြမယ့် ကမ္ဘာ့ အသေးဆုံး နိုင်ငံတွေ ထဲမှာ Micronation ကအများစု ပါဝင်ပါတယ်။တစ်ချို့နိုင်ငံတွေက တစ်ဧကတောင် မပြည့်ပါဘူး။

Principality of Sealand ဆိုရင် ပင်လယ်ထဲမှာ ဘောဆိပ်ကမ်းပုံစံ တည်ဆောက်ထားပြီး၊ အကျယ်အားဖြင့် (ဝ.၀၀၄) စကွဲကီလိုမီတာသာ ရှိပြီး၊ လူဦးရေ (၂၇)ဦးသာ ရှိပါတယ်။

Republic of Molossia ဆိုရင် ပုံထဲမှာတော့ လူဦးရေ (၇)ယောက်လို့ ရေးထားပါတယ်။ (၂၀၁၂)ခုနှစ် သန်းကောင်စာရင်းမှာတော့ လူဦးရေ (၂၇)ဦးရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံ အကျယ်မှာ (ဝ.၀၅၅) စကွဲကီလိုမီတာသာ ရှိပါတယ်။ ကိုယ် ပိုင်ကစားကွင်း၊ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ ကိုယ်ပိုင်အလံတော် ရှိပါတယ်။ကိုယ်ပိုင် ဥပဒေ ကိုလည်း ပြဋ္ဌာန်း ထားပြီး ၊ ကိုယ်ပိုင်အ ကျဉ်းထောင်နဲ့ပါ။ အားလုံးကိုသိဖို့ ပုံတွေကို လေ့လာကြည့်ကြဦးနော်။

(၁) Nauru

(၂) Niue

(၃) Palau

(၄) Saint Kitts and Nevis

(၅) Sovereign Military Order of Malta

(၆) The Principality of Hutt River

(၇) The Principality of Sealand

(၈) The Principality of Seborga

(၉) The Republic of Molossia

(၁၀) Tuvalu

credit : original uploader