မိမိရဲ့ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ကိုမငဲ့ပဲ ပရဟိတစိတ်နဲ့ အကာကွယ် PPE မရှိတာတောင် ကိုဗစ်လူနာကို ကားမောင်းပို့ခဲ့သူကားဆရာလေး Qဝင်ရတော့မယ်

PPE မရှိပေမဲ့ မိုးညှင်းက COVID တွေ့ရှိလူနာကို မြစ်ကြီးနားဆေးရုံ ပြောင်ရွေ့ပေးတဲ့ ယာဉ်မောင်း

PPE မရှိလို့ သာမန်ဆေးရုံသုံးလေးကို PPE အသွင်ဖြစ်အောင် အကာအကွယ်ယူပြီး လူနာသွားပို့ပေးတဲ့ သတ္တိဟာ နည်းနည်းနောနော သတ္တိမဟုတ်ပါဘူး ။ လေးစားစရာ အတော်ကောင်းပါတယ်။ အန္တရာယ်လည်းများပါတယ်။ ကျန်းမာပါစေ အစ်ကိုရေ။အောက်ကစာက သူတင်ထားတဲ့စာလေးပါ။

၁၄၄ ကို မနက်ဖန် မြစ်ကြီးနားပို့ရန်အတွက် ဗော်လံတီယာ ဘက်အခြမ်းကတော့ အဆင်သင့်ဖြစ်ပါပြီ ကျန်သည့်အပိုင်းများကို သက်ဆိုင်ပါသောတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ် FQ ကနေ IS ကိုပြောင်းတဲ့အခါ သွားရောက်ခေါ်ယူသည့် ဗော်လံတီယာညီငယ် ကဘဲဦးဆောင်ပြီး မကန ကိုပို့ပါ့မယ်

သူ့အတွက် FQ ကိုကျွန်တော်တို့ထပ်စဉ်းစားရပါဦးမယ် လက်ရှိ FQ မှာထားဖို့ဆိုတာကိုတော့ ကျွန်တော်လက်မခံနိုင်ပါ ခု ၁၄၄ နဲ့အတူ FQ ဝင်သူများကို Swab ယူရပါတော့မယ် ၁၄၄ ဟာ ရန်ကုန် လှိုင်သာယာပြန်တယောက်ပါ ၁၅ ရက် ၄ လ ၂၀၂၀ ရန်ကုန်မှလူကူအသင်းကားတစီးကို အပြတ်ငှားပြီးရောက်လာတာပါ

FQ တန်းဝင်သွားတာပါ ၁၉ ရက်နေ့မှာ အပူချိန်နဲနဲတက်လာပြီး ကိုယ်လက်ကိုက်ခဲလာပြီး အရသာ‌ပျောက်သလိုဖြစ်လာတယ်ဆိုလို့ ဒေါက်တာဖြူလေးဝေ က ည‌နေ ၆ နာရီလောက်မှာဖုန်းဆက်ပြီး FQ ကနေ IS ပြောင်းဖို့စီစဉ်ရပါတယ် ကျွန်တော်တို့အဖွဲ့ဗော်လံတီယာညီငယ်များနဲ့ စနစ်တကျသွားရောက်ပြောင်းရွေ့ပေးခဲ့ကြပါတယ်

ခရိုင်မင်းကြီးနဲ့လဲ အဲဒီည ဆေးရုံမှာဘဲ လိုအပ်တာတွေ ကျွန်တော်တို့နဲ့ ဆွေးနွေးခဲ့ကြပါသေးတယ် ည ၉ နာရီလောက်မှ အိမ်ပြန်ရောက်ပါတယ် အဝတ်အစားတွေအားလုံး အိမ်အပြင်မှာချွတ် အိတ်တခုထဲထည့် ဖုန်း ကားသော့ မျက်မှန် တွေကို ပိုးသတ်ဆေးနဲ့ပိုးသတ် အဝတ်ထည့်ထားသောအိတ်ကိုလဲ ပိုးသတ်ဆေးလောင်းထည့်ပြီး တညလုံး

လျှော်စက်ထဲထည့်ထားပါတယ် ကားတံခါးလက်ကိုင် ကားအတွင်းခန်းကိုလဲ ပိုးသတ်ဆေးနဲ့သန့်စင်ပါတယ် အားလုံးပြီးမှ အိမ်အပြင်မှာ ရေချိုးပါတယ် အားလုံးပြီးမှ အိမ်ထဲကိုဝင်ပါတယ် ၂၀ ရက်နေ့မှာ Swab ယူပြီး ဒီနေ့အဖြေသိရပါတယ် တွေ့ရှိ(တွေ့ရှိ)လို့သိရပါတယ် အလွန်အကျွံစိုးရိမ်တာမျိုးမဟုတ်မိပေမယ့်

တုန်လှုပ်တာတော့တုန်လှုပ်မိပါတယ် ဪ မိုးညှင်းရယ်လို့လဲရေရွတ်မိပါတယ် ကျွန်တော်ချစ်တဲ့မိုးညှင်း မပြည့်စုံတဲ့မြို့လေးရယ် ကိုဗစ် တွေ့တာ ကချင်မှာ အဦးဆုံးတဲ့လားကွယ် ကျွန်တော် Q ဖို့လိုပြီလား အားလုံးကိုချစ်ခြင်းများစွာဖြင့် ကျွန်တော်ကျော်ခိုင်ပါ ၀၉ ၅၁၅ ၅၈၈၃ လေးစားစွာဖြင့် ခရစ်ဒစ် Myat Mon Phyo