လေကြောင်း အင်ဂျင်နီယာကောလိပ် တက်ရောက် နေတဲ့ အသက် (12 )နှစ်သာသေးတဲ့ ဉာဏ် အကောင်းဆုံးကလေး

လေကြောင်းအင်ဂျင်နီယာ တက်ရောက်နေတဲ့ ဉာဏ်အကောင်းဆုံးကလေး

အသက်(၁၂) နှစ်သာ ရှိသေးပေမယ့် လေကြောင်း အင်ဂျင်နီယာကောလိပ် ဒုတိယနှစ်ကို တက်ရောက်နေပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ကတော့ ကမ္ဘာ့ ဉာဏ်အကောင်းဆုံး ကလေးငယ်အဖြစ် သတင်းမီဒီယာတွေက ချီးကျူးတာကို ခံနေရပါတယ်။

အဆိုပါ ကလေးငယ်ဟာ စာပေနဲ့သိပ္ပံပညာဘက်မှာ ပါရမီရှင်လေးတစ်ယောက် ဖြစ်ပြီး၊ ဒီအတွက် လွယ်လွယ်နဲ့ အသိအမှတ်ပြု ရခဲ့တာတော့ မဟုတ်ပါဘူး။ ကလေးရဲ့နာမည်ကတော့ ကေးလက်အန်ဒါဆင် ဖြစ်ပါတယ် ။ သူဟာ အမေရိကန် ဂျော်ဂျီယာမှာ တည်ရှိတဲ့ Chattahoochee Technical College မှာ လေ ကြောင်းအင်ဂျင်နီယာဒုတိယနှစ်ကို တက်ရောက်နေပါပြီ။

လာမယ့်(၂)နှစ်မှာ ဒီဂရီရရှိမှာ ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက ထူးခြားသူ ဖြစ်ပါတယ်။အသက် (၉)လအရွယ်မှာ အ မူအရာသင်္ကေတပြ ဘာသာစကားကို နားလည် နေပါပြီ ။ အသက် (၁) နှစ်မှာ စာဖတ်နေနိုင်ပြီဖြစ်ပြီး၊ အသက်(၂)နှစ်မှာ အပိုင်းကိန်းတွေရဲ့ အမြှောက်အစား၊ အပေါင်းအနုတ်ကို နားလည် တတ်ကျွမ်းနေပြီလို့ သိရပါတယ်။

သူ အခုလို အလွန်တော်တဲ့ကိစ္စနဲ့ပတ်သက်ပြီး CBS သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” တကယ်က ကျွန်တော် မတော်ပါဘူး … ဒါပေမယ့် ကျွန်တော်က သတင်း အချက်အလက် တွေကို လျှင်မြန်စွာ ဆုပ်ကိုင်နိုင်ပါတယ် … နောက် လျှင်မြန်စွာ ကောက်ချက်ချနိုင်ပါတယ် “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး မူလတန်းကျောင်းမှာ သူဟာ စာတော်သူတစ်ယောက်ဖြစ်သော်လည်း အတန်းဖော်တွေက နှိမ်ကြောင်း၊သူ့ကို ဦး နှောက်မူမမှန်သူလို့ သတင်းလွှင့်သူတွေ ရှိသလို၊ ဘာလုပ်လုပ် အ ထင်သေးပြီး ဖယ်ကျဉ်မယ့်သူတွေလည်း ရှိကြောင်း၊ ဒီလို အခြေ အနေမျိုးတွေက သူ့အတွက် သူများထက် ပိုတော်ပြီးပိုထက်မြတ်ဖို့အတွက် တွန်းအားတွေဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ကောလိပ် တက်ရတာ စာလိုက်နိုင်ရဲ့ လားလို့ မေးတော့ သူ့ကို ပါ မောက္ခတွေ၊ ဆရာတွေက အထူး ဂရုစိုက်တယ်လို့ ပြောပါတယ်။သူ့အနေနဲ့ ဒုတိယနှစ်ကို ရောက်နေပြီဖြစ်ပြီး၊ လက်ရှိအချိန်မှာ မိ ဘတွေကသူ့ကို Georgia Institute of Technology မှာပဲ ဖြစ်ဖြစ် သို့မဟုတ်

Massachusetts Institute for Technology မှာ ကျောင်းပြောင်း ထားဖို့ ဆန္ဒဖြစ်နေကြပါသတဲ့။ ဒါပေမယ့် လက်ရှိသင်နေတာတွေ အရှိန်ပြတ်သွားမလား စိုးရိမ်နေရပါတယ်။

Georgia Tech’s School of Aerospace Engineering မှ ပါမောက္ခ Mark Costello ကတော့ အန်ဒါဆင်ရဲ့ ဉာဏ်ရည်ကို လုံးဝမယုံနိုင်ဖြစ်နေပြီး၊ အနာဂတ်မှာ သူများနဲ့မတူတဲ့ အောင်မြင်မှုတွေကို ရရှိလိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့ပါတယ်။အန်ဒါဆင်ကတော့ဘွဲ့ရတာနဲ့ အီလွန်မက်စ်ရဲ့ SpaceX မှာ အလုပ်လုပ်ချင်တယ်လို့ ပြောပါတယ်။ photo credit : လင်းဇော်ကို

Add a Comment

Your email address will not be published. Required fields are marked *