FA ဘဝနဲ့ တစ်သက်လုံး နေမယ့် သူတွေသာ တွေ့ရှိရမယ့် ပျော်ရွှင်မှု ၅ မျို

FA ဘဝနဲ့ တစ်သက်လုံး နေမယ့် သူတွေသာ တွေ့ရှိရမယ့် ပျော်ရွှင်မှု ၅ မျိုး

ချစ်သူမရှိဘဲ တစ်ယောက်တည်း ဖြစ်နေတဲ့ သူတွေအနေနဲ့ အထီး ကျန်တာတွေ၊အားငယ်တာမျိုးတွေ ခံစားမနေသင့်ပါဘူး။အကြော င်းကတော့ သင် တစ်ယောက် တည်းလည်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်လို့ပါပဲ။ အချစ်ဆိုတာ လိုက်ရှာနေရတဲ့ အရာမဟုတ်ပါဘူး။ အချိန်တန်တဲ့အခါ သူ့အလိုလို ရောက်လာတာမျိုးပါ။ဒါကိုနားလည်ပြီး အချစ်ကို လိုက်မရှာတော့တဲ့သူတွေသာ တွေ့ရှိရမယ့် ပျော်ရွှင်မှု (၅) မျိုးကို ဖော်ပြ ပေးလိုက် ပါတယ်နော် …။

(၁) လွတ်လပ်တယ် ။လွတ်လပ်မှုဆိုတာ တစ်ယောက်တည်းရှိတဲ့ အချိန်မှာ ပိုပြီးပြည့်စုံပါတယ်။ သင်ဟာ ဘယ်သူ့အမြင်ကိုမှ ဂရုစို က်စရာ မလိုတော့သလို၊ လိုက်ညှိနေစရာလည်း မလိုတော့ပါဘူး။သွားချင်တဲ့နေရာကို သွား၊ တွေ့ချင်တဲ့သူနဲ့တွေ့၊ ဝယ်ချင်တာတွေဝယ်ပြီး လုပ်ချင်တာမှန်သမျှကို လွတ်လပ်စွာ လုပ်နိုင်သွားပါပြီ။ သင့်စိတ်နဲ့ သင့်ကိုယ် တစ်ထပ်တည်း ကျနေတဲ့ အတွက် သင့်လောက်လွတ်လပ်တဲ့သူ ဘယ်သူမှ မရှိတော့ပါဘူး …။

(၂) ပေါ့ပေါ့ပါးပါးနေနိုင်တယ် ။ အပြင် သွားခါနီးတိုင်း အဝတ်အ စားတွေရွေး၊အလှတွေပြင်ပြီး သူ့မျက်လုံးထဲမှာ လှနေဖို့ သင်ကြိုး စားစရာ မလိုတော့ပါဘူး။ သင်ကြိုက်တဲ့ အဝတ်အစားကို ဝတ်၊ မပြင်မဆင်ဘဲနဲ့လည်း ပေါ့ပေါ့ပါးပါး လျှောက်သွားနေလို့ရပါတယ်။စိတ်ကျဉ်းကျပ်နေစရာ ဘာမှမရှိတော့သလို၊အရာအားလုံးက သင့်သဘော၊ သင့်အလို အတိုင်းပါပဲ။ ဒါကြောင့် သင်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားပီပဲ ဖြစ်ပါတယ် …။

(၃) သူငယ်ချင်းတွေနဲ့ ပိုပြီးချစ်ခင်လာမယ်။အရင်တုန်းက သူငယ် ချင်းတွေကို အချိန် မပေးနိုင်ခဲ့သမျှ အခုချိန် မှာတော့ အတိုးချပြီး အချိန် ပေးနိုင် သွားပါပြီ ။ သူငယ်ချင်း တွေနဲ့ အချင်းချင်း စကြနောက်ကြ၊ မုန့်တွေစား၊ လည်ကြပတ်ကြနဲ့ ပျင်းရတယ်လို့ကို ရှိမှာမဟုတ်ပါဘူး။သူငယ်ချင်းတွေဟာ ဘယ်လောက် ချစ်စရာကောင်းလဲ ဆိုတာ နားလည် လာမှာဖြစ်ပြီး ဘဝမှာ သူငယ်ချင်းတွေရဲ့ အ ရေးပါမှုကို ပိုပိုပြီး နာလည်လာပါလိမ့် မယ် …။

(၄) စိတ်ဝင်စားစရာ အသစ်တွေ တွေ့လာမယ် ။ အချစ်ကို မရှာတော့တဲ့နောက်မှာ သင်ဟာ သင့်ကိုယ်သင် ပိုပြီးတွေ့ရှိ လာရမှာပါ။ ဝါသနာ အသစ်လေးတွေ၊ သူငယ်ချင်း အသစ်၊ လှုပ်ရှားမှု အသစ်လေးတွေနဲ့ အရင်က မသွားခဲ့ဖူးတဲ့ နေရာလေးတွေ၊ မလုပ်ခဲ့ရတဲ့ အရာလေးတွေကို လွတ်လွတ် လပ်လပ် လုပ်နိုင်တော့မှာပါ ။ သင်ဟာ ဘယ်အရာကို တကယ် ဝါသနာပါပြီး ဘယ်အရာ တွေပေါ်မှာ အားသားလဲ ဆိုတာ ကောင်းကောင်း သိရှိ လာမှာပဲ ဖြစ်ပါတယ်။

(၅) ပိုပြီးဆွဲဆောင်မှုရှိလာမယ် ။အပေါ်က အချက်တွေအားလုံးကို လုပ်နိုင်သွားတဲ့သင်ဟာ ခုချိန်မှာတော့ အရင်ကထက် အများကြီး ဆွဲဆောင်မှု ပိုရှိသွားပါပြီ။သင်ဟာ လွတ်လပ်ပြီး အရည်အချင်း ရှိတဲ့ သူတစ်ယောက် ဖြစ်နေပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ ကိုယ့်ရဲ့ဝါသနာနဲ့ ကိုယ် ဘဝကို ကောင်းမွန်စွာ ဖြတ်သန်း နေနိုင်ပြီ ဖြစ်တဲ့ တည်ငြိမ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သွားတာကြောင့်ပါ နော် ….။Credit:santhitsa